လူထုဗဟိုပြုစီမံကိန်း ဒုတိယအကြိမ်မြောက် နည်းပညာအကြံပေးများ ကျင်းပ

NCDDP

၂၇ရက် သြဂုတ်လ ၂၀၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း ပြည်ထောင်စုအဆင့် နည်းပညာမှူးများဖိုရမ်ကို (၂၇-၈-၂၀၁၈)ရက်နေ့၊ နံနက်(၀၈း၃၀)နာရီအချိန်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်များမှ ရရှိလာသော ဆွေးနွေးပွဲရလဒ်များအားတင်ပြရှင်းလင်းခဲ့ပြီး၊တက်ရောက်လာသော နည်းပညာအကြံပေးများမှ အဖွဲ့လိုက်ဆွေးနွေးခဲ့ကြပါသည်။ လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြေပြင်တွင်ကွင်းဆင်းလုပ်ဆောင်နေသော နည်းပညာမှူးများ၏ အခက်အခဲများ၊မြေပြင်တွင်ရှိသော ပကတိအခြေအနေများကို သိရှိနိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး၊ တိုင်းဒေသကြီး/ပြည်နယ်များမှ နည်းပညာမှူးများ(၂၄၇)ဦး တက်ရောက်ခဲ့ကြသည်။