ကွန်ကရစ်တံတားငယ်လုပ်ငန်း လူထုစစ်ဆေးပွဲ ကျင်းပ

၂၉-၅-၂၀၁၉ ရက်နေ့တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဓနုံးကျေးရွာအုပ်စု၊ တရုတ်မှော်ကျေးရွာတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ ကွန်ကရစ်တံတားငယ်တည်ဆောက်ပြီးစီးသည့်အတွက် လူထုစစ်ဆေးပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကွန်ပလိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ ကွန်ကရစ်တံတားသည် အလျား ၂၀ပေx အနံ ၇ပေ x အမြင့် ၅ပေ ရှည်လျှားပြီး လူထုဗဟိုပြု စီမံကိန်းထောက်ပံ့ငွေ ၂၉၇၀၀၀၀ ကျပ်ဖြင့် ဆောက်လုပ်ခဲ့သည်။

ကွန်ကရစ်တံတားဆောက်လုပ်ခြင်းကြောင့် ကျေးရွာလူထုနှင့် တွေ့ဆုံမေးမြန်းရာတွင် စားဝတ်နေရေးအတွက် အလုပ်အကိုင်အဆင်ပြေပြီး ပညာရေးအတွက် အထောက်အကူဖြစ်စေကြောင်း ပြောကြားခဲ့သည်။

ထို့နောက်ဆက်လက်၍ကွန်ကရစ်တံတားနှင့်ပတ်သက်၍ ကျေးရွာလူထုမှ ကြေနပ်မှုရှိ၊ မရှိကို လူထုစစ်ဆေးပွဲပြုလုပ်ကာ ကျေးရွာလူထုမှ ကြေနပ်မှုရှိကြောင်း သိရသည်။

အခမ်းအနားသို့ ကျေးရွာလူထု ၂၃ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။