![](https://cdd.drdmyanmar.org/sites/default/files/styles/news_on_media/public/uploads/news-image/1_77.jpg?itok=dJ3lNcem)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ငပုတောမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း ) မြို့နယ်အဆင့်သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ်ခြင်း အစည်းအဝေးကို (၂၀.၆.၂၀၁၉) ရက်နေ့၊ နံနက် (၉) နာရီအချိန် ငပုတောမြို့နယ် မိုးလုံလေလုံ ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်မှ အဖွင့်အမှာစကားပြောကြား၍ ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးနေထက်ရှိန်မှ စီမံကိန်း အကြောင်းဆွေးနွေးပြောကြား၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာကော်မတီများ စုစုပေါင်းလူဦးရေ (၅၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဆုရရှိသော ကျေးရွာများအား ဆုချီးမြှင့်၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးတာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။