စောင့်ကြည့် ကြီးကြပ်ရေး မွမ်းမံသင်တန်းဖွင့်လှစ်

ဇူလိုင် ၁၀ လှိုင်းဘွဲမြို့

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်လျှက်ရှိသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)တွင် စီမံကိန်းသတင်းအချက်များ၏ လုပ်ထုံးလုပ်နည်းနှင့် နည်းလမ်းများကိုမှန်ကန်စွာ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ စောင့်ကြည့်ကြီးကြပ်ရေးမွမ်းမံသင်တန်းကို လူထုစည်းရုံးရေးမှူးများအား (၁၀.၇.၂၀၁၉) ရက်နေ့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ စီမံကိန်းစောင့်ကြည့်ကြီးကြပ်ရေးတာဝန်ခံ ဒေါ်သီရိဇေယျာမှ ဆွေးနွေးပို့ချကြောင်း သိရပါသည်။