ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းခွဲသို့ကွင်းဆင်းကြည့်ရှု

လွိုင်ကော်၊ဖေဖော်ဝါရီလ (၂၈) ရက်

           ကယားပြည်နယ်၊ လွိုင်ကော်+ရှားတောမြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပန်ကန်းကျေးရွာအုပ်စု၊ စိုက်ကွင်း(၃) ကျေးရွာ၏ ကျေးရွာဖွံ့ဖြိုးရေး ရွာတွင်းကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းသို့ ယနေ့(၂၈.၂.၂၀၁၉)ရက်နေ့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရုံးချုပ်)မှ ဦးမျိုးနိုင်အောင်၊ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင် နှင့်အတူတာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

            အဆိုပါကွင်းဆင်းကြည့်ရှုမှုအတွင်း ကျေးရွာလူထုများ၊ လူထုဗဟိုပြုစီမံကိန်းကော်မတီဝင်များ ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများမှ စီမံကိန်းလုပ်ငန်းခွဲဆောင်ရွက်ထားရှိမှုအပေါ် လိုအပ်ချက်များအားဖြည့်စွက်လမ်းညွန်မှုများဆောင်ရွက်ခဲ့ပါသည်။

             ယခုဆောင်ရွက်သော စိုက်ကွင်း(၃) ကျေးရွာ၏ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့မှပူးပေါင်း၍ အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ကယားပြည်နယ်၊ လွိုင်ကော်+ရှားတောမြို့နယ်လူထုဗဟိုပြုစီမံကိန်း မှအကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းခွဲပေါင်း( ၅၅) ခုအနက်မှတစ်ခုအပါအဝင်ဖြစ်ပြီး စီမံကိန်းထောက်ပံ့ငွေစုစုပေါင်း(၂၈၅၀၀၀၀၀/-) ကျပ်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။