မင်းတုန်းမြို့နယ်တွင် လည်ပတ်ပြုပြင်ထိန်းသိမ်းရေး မွမ်းမံသင်တန်းဖွင့်လှစ်

မင်းတုန်း သြဂုတ်    ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိ သော လူထုစည်းရုံးရေးမှူးများနှင့်လက်ထောက်နည်းပညာမှူးများအား လည်ပတ်ပြုပြင်ထိန်းသိမ်းရေးမွမ်းမံ သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မင်းတုန်းမြို့ ရွှေဘုန်းတေဇာဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ မင်းတုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်ဆိုလူကျော်က အဖွင့်အမှာ စကားပြောကြားပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းရုံးခွဲ အခြေခံံအဆောက်အဦပိုင်းဆိုင်ရာတာဝန်ခံ ဒေါ်မြင့်မြင့်ဟန် နှင့် ဒေါ်ပန်းအိမိုမိုတို့က လူထုစည်းရုံးရေးမှူးများနှင့် လက်ထောက်နည်းပညာမှူးများအား လည်ပတ်ပြုပြင် ထိန်းသိမ်းရေး မွမ်းမံ သင်တန်းပေးခြင်းနှင့်ပတ်သက်၍ စီမံကိန်းလုပ်ငန်းများရေရှည်တည်တံ့စေရန်နှင့် တာဝန်ယူမှုတာဝန်ခံမှုမြင်မားစေရန် ရည်ရွယ်၍ သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

အဆိုပါသင်တန်းကို မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းရုံးခွဲ  အခြေခံ အဆောက်အဦပိုင်းဆိုင်ရာ တာဝန်ခံများ၊ မင်းတုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင်များ နှင့်ဝန်ထမ်းများ၊ လူထုစည်းရုံးရေးမှူးများနှင့် လက်ထောက်နည်းပညာမှူး(၅၉)ဦးတို့ တက်ရောက်ခဲ့ကြပြီး အဆိုပါ သင်တန်း ကို(၂)ရက်ကြာ သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်းသိရသည်။

စိုးမိုးကျော် 09.256087268