ကျေးရွာစီမံချက် ဘတ်ဂျတ်လျာထားငွေများ ရေးဆွဲခြင်း အစည်းအဝေး မွေတွင်းကျေးရွာအုပ်စုတွင် ကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာဘဏ်နဲ့ ပူးပေါင်း အကောင်အထည်ဖော်တဲ့

လူထုဗဟိုပြု စီမံကိန်းက ကြီးမှုးပြီး စတုတ္ထနှစ် စီမံကိန်း ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ ကျေးရွာအုပ်စုတွေ အတွက် ထောက်ပံ့ ရန်ပုံငွေနဲ့ ကိုက်ညီမယ့် ကျေးရွာအုပ်စု

စီမံချက် များ ရေးဆွဲခြင်း အစည်းအဝေးကို ဇန်နဝါရီလ ၂၃ ရက်နေ့က မွေတွင်း ကျေးရွာအုပ်စု စဝင်ကျေးရွာမှာ ကျင်းပပါတယ်။

 

အစည်းအဝေးမှာ မြို့နယ် လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေက ကျေးရွာ အုပ်စုအတွင်းမှာ ရှိတဲ့ ကျေးရွာတွေက တင်ပြတောင်းဆိုထားတဲ့ ဦးစားပေး စီမံကိန်း

လုပ်ငန်းတွေနဲ့ အကောင်အထည်ဖော်ဖို့ ခန့်မှန်းတွက်ချက်ထားတဲ့ ကုန်ကျငွေတွေကို ရှင်းလင်းပြောကြားပြီး၊ ကျေးရွာတွေက ကိုယ်စားပြု တက်ရောက်လာတဲ့

စီမံကိန်း အထောက်အကူပြု ကော်မတီ ဥက္ကဌတွေက ဦးဆောင်ပြီး အဲဒီ လုပ်ငန်းခွဲတွေ မရှိခြင်းကြောင့် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရှင်းလင်းခဲ့ပါတယ်။

 

ဆက်လက်ပြီး ဦးစားပေးအဆင့် သတ်မှတ်ချက်အပေါ်ကျေးရွာအုပ်စု ထောက်ပံ့ ရရှိငွေ ကျပ် သိန်း ၅၅၀ ကို ခွဲဝေ လျာထားပြီး၊ မွေေတွင်းကျေးရွာက ကျပ် ၉၅ သိန်း၊

ဆင့်ဂေါင်း ကျေးရွာက ငွေကျပ် သိန်း ၄၀ ၊ မင်းလှကျေးရွာက ငွေကျပ် သိန်း ၄၀ ၊ ကျွန်းတော ကျေးရွာက ငွေကျပ် ၉၅ သိန်း စီနဲ့ ကွန်ကရစ်လမ်းခင်းခြင်း

လုပ်ငန်းတွေကို လည်းကောင်း၊ စဝင်ကျေးရွာက ငွေကျပ် ၁၆၅ သိန်းနဲ့ ကွန်ကရစ် ဘီးလမ်းခင်းခြင်းလုပ်ငန်းကို လည်ကောင်း၊ လက်ပံ့ခုံကျေးရွာက

ငွေကျပ် ၉၅ သိန်းနဲ့ စာသင်ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းကို လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

 

သတင်း - မင်းမြင့်မိုရ်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank