၂ ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ရေး ဂန့်ဂေါခရိုင်တွင် မြေနေရာ သတ်မှတ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ဂန့်ကောခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက

ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ငလုံးကျေးရွာအုပ်စု ကျောက်မ ကျေးရွာမှာ

အကောင်အထည်ဖော် ဆောင်ရွက်မယ့် ၂ ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နိုင်ဖို့အတွက် ဆော်မြို့နယ်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဒေါ်သီရိဇင်မင်း၊ မကွေးတိုင်း ဒေသကြီး လူထုဗဟိုပြု စီမံကိန်း

အခြေခံ အဆောက်အဦးနဲ့ အကာအကွယ် ဆိုင်ရာ နည်းပညာ အကြံပေး အင်္ဂျင်နီယာ ဒေါ်မြင့်မြင့်ဟန်၊ လူထု စည်းရုံးရေးမှုး ဦးထွန်းနိုင်ဦး၊

ဦးဝင်းနိုင်နဲ့ လက်ထောက် နည်းပညာမှူး ဒေါ်မြနှစ်ချိုတို့က ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကွင်းဆင်းဆောင်ရွက်ခဲ့ပါတယ်။

ကွင်းဆင်းဆောင်ရွက်ရာမှာ စာသင်ကျောင်း ဆောက်လုပ်မယ့် မြေနေရာကို ရပ်မိရပ်ဖတွေ၊ ကျောင်းဆရာ ဆရာမတွေနဲ့၊ ရွေးချယ်သတ်မှတ်ခဲ့ပြီး၊

ပဋက်ရိုက်ခြင်းကို ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ စာသင်ကျောင်းဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းမှာ စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၃၅၀ နဲ့

ဆောက်လုပ်မှာ ဖြစ်ပြီး၊ အလျား ပေ ၆၀ ၊ အနံ ပေ ၃၀ ၊ အမြင့် ၂၂ ပေနဲ့ ဆောင်ရွက်မှာ ဖြစ်ပြီးတော့ စာသင်ကျောင်းဆောင် ဆောက်လုပ်ပြီးပါက

ကျေးရွာ အတွင်းမှာ ရှိတဲ့ လူဦးရေ ၉၃၀ က အကျိုးခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank