ကျောက်တန်းမြို့နယ်၌ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်

ကျောက်တန်း၊ ရန်ကုန် ဖေဖေါ်ဝါရီ ၅၊ ကြေးမုံ သတင်းစာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော်

ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ကို ကျောက်တန်းမြို့နယ်အတွင်း၌ ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ စီမံကိန်း လုပ်ငန်းဖော်ဆောင်နေသည့် ကြံပင်ကျေးရွာတွင် ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များက ဦးဆောင်ပြီး အရှည် ပေ ၅၀၀

အကျယ် ၆ ပေ ထု ၆ လက်မရှိ ကွန်ကရစ်လမ်း၊ အရှည်ပေ ၂၁၀ အကျယ် ၅ ပေ ထု ၆ လက်မရှိ လမ်း၊ အရှည် ပေ ၁၆၀၊ အကျယ် ၇ ပေ ထု ၆ လက်မရှိ လမ်း၊

အရှည်ပေ ၁၆၀၊ အကျယ် ၇ ပေ ထု ၆ လက်မရှိ လမ်း၊ အရှည် ပေ ၁၄၀၊ အကျယ် ၄ ပေ ထု ၆ လက်မရှိ လမ်း၊ အရှည်ပေ ၁၄၀၊ အကျယ် ၃ ပေ ထု ၆ လက်မရှိ

ကွန်ကရစ်လမ်းပေါင်း ၅ လမ်းကို ငွေကျပ် သိန်း ၁၀၀ ဖြင့်လည်းကောင်း၊ အရှည်ပေ ၆၃၀၀ ရှိ ကျေးရွာတွင်း လမ်း၊ မီးကြိုးနှင့် လမ်းမီးသွယ်တန်းခြင်း

လုပ်ငန်းကို ငွေကျပ် သိန်း ၆၀ ဖြင့် လည်းကောင်း၊ အလျားပေ ၅၀၊ အနံပေ ၃၀ ရှိ လူထု အစည်းအဝေးခန်းမဆောင်ကို ငွေကျပ် ၁၇၅ သိန်းဖြင့် ကြံပင်ကျေးရွာ

စီမံကိန်း အထောက်အကူပြဒ ကော်မတီဝင်များ ဦးဆောင်မှုဖြင့် ယနေ့ စတင်အကောင်အထည်ဖော် ကြသည်။

 

ယင်းလုပ်ငန်းများ အဆင်ပြေ ချော့မွေ့စေရန်အတွက် လူထု စည်းရုံးရေးမှူး ဦးငွေဖြိုးလွင်နှင့် လက်ထောက်နည်းပညာမှူး ဒေါ်ယွန်းမြင့်သူသူအောင်တို့က

ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

စိုးဝင်း (ကျောက်တန်း)

ကြေးမုံ နေ့စဉ်

(၆-၂- ၂၀၂၀)