မီးကြိုးမီးတိုင် အဆင့်မြင့်တင်ခြင်းလုပ်ငန်းအတွက် ဆွေးနွေးပွဲ ဆောမြို့နယ်တွင် ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ဂန့်ကောခရိုင် ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ

အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း မီးကြိုးမီးတိုင် သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်မယ့်

ကျေးရွာပေါင်း ၅၄ ရွာမှာ စီမံကိန်း ဝယ်ယူရေး ဆပ်ကော်မတီဝင်များအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲကိုတော့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က

ဆောမြို့နယ် ယောမင်းကြီး ဦးဘိုးလှိုင် ခန်းမမှာ ကျင်းပခဲ့ပါတယ်။

 

အဆိုပါ အစည်းအဝေးမှာတော့ ဆောမြို့နယ် လျှပ်စစ် အင်္ဂျီယာ၊ ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ လူထုဗဟိုပြု

စီမံကိန်း စီမံကိန်း တာဝန်ခံ ဆောမြို့နယ် ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူထု စည်းရုံးရေးမှူးများနဲ့ လက်ထောက် နည်းပညာမှူးများ စုစုပေါင်း ၄၀၊

ကျေးရွာ ၅၄ ရွာမှာ ရှိတဲ့ ဝယ်ယူရေး ဆပ်ကော်မတီဝင် ၁၇၆ ဦး၊ စုစုပေါင်း ၂၁၆ ဦး တက်ရောက်ခဲ့ပါတယ်။

 

အစည်းအဝေးမှာ စတုတ္ထနှစ် စက်ဝန်းမှာ အကောင်အထည် ဖော်ဆောင်ရွက်သွားမယ့် မီးကြိုးမီးတိုင် အဆင့်မြင့်တင်ခြင်းလုပ်ငန်း အတွက် လိုအပ်တဲ့

အချက်အလက်များကို ကျေးရွာကော်မတီဝင်များနဲ့ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကာ အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - ရွှေဇင်ဝင်း (လူထု စည်းရုံးရေးမှူး)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank