ကျေးရွာအဆင့် စီမံခန့်ခွဲမှု သင်တန်း ကျောက်ကြီး မြို့နယ်တွင် ပို့ချ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးဆောင်ပြီး၊ ကမ္ဘာ့ဘဏ်ရဲ့ နည်းပညာ အကူအညီနဲ့ ဆောင်ရွက်တဲ့ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ကျေးရွာအဆင့် စီမံခန့်ခွဲမှု သင်တန်း ဖွင့်ပွဲကို ဖေဖေါ်ဝါရီလ ၁၀ ရက် မနက် ၁၀ နာရီက မွေတွင်းကျေးရွာအုပ်စု ကျွန်းတော ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပပါတယ်။ အခမ်းအနားမှာ မြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ ကျေးရွာအုပ်စု တာဝန်ခံ လူထု စည်းရုံးရေးမှုးနဲ့ လက်ထောက် နည်းပညာ မှူးများက အမှာ စကားပြောကြားပါတယ်။

 

အဲဒီနောက် ကျေးရွာ စီမံခန့်ခွဲမှု အဖွဲ့ဝင်များရဲ့ အခန်းကဏ္ဍနဲ့ တာဝန် ဝတ္တရားများ၊ စီမံကိန်း လုပ်ငန်းခွဲများ အတွက် အကာအကွယ်ပေးခြင်း၊ ဝယ်ယူရေး လုပ်ထုံးလုပ်နည်းများနဲ့ ဝယ်ယူရေး အစီအစဉ်များ၊ ဘဏ္ဍာ‌ရေး၊ စောင့်ကြည့် ကြီးကြပ်ရေး၊ လုပ်ငန်းလည်ပတ်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ၊ ပုံစံများ ဖြည့်သွင်းခြင်း၊ ဝေဖန်အကြံပြု တိုင်ကြားချက် ဖြေရှင်းရေး အကြောင်းနဲ့ ကျား၊ မ တန်းတူ ညီမျှရေး စသည်တို့ကို သင်တန်းပို့ချပေးခဲ့ပါတယ်။

 

အဆိုပါ သင်တန်းကာလမှာ တစ်ရက်ကြာ ဖွင့်လှစ်ပေးခြင်း ဖြစ်ပြီးတော့ သင်တန်းကို ကျေးရွာအုပ်စု ၃ အုပ်စုမှာ ရှိတဲ့ ကျေးရွာ ၉ ရွာမှ စီမံခန့်ခွဲမှု အဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၉၀ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

သတင်း - မင်းမြင့်မိုရ်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank