လူထုဗဟိုပြုစီမံကိန်း စည်းရုံးရေးမှူးများ စွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်း ရမည်းသင်းမြို့နယ်တွင် ပြုလုပ်

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်မှာ ဖေဖေါ်ဝါရီလ ၂၈ ရက် မွန်းလွဲပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းမှ

စည်းရုံးရေးမှူးတွေကို စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အပိုင်း ၃ သင်တန်း ဆင်းပွဲ ကျင်းပပါတယ်။

 

အဲဒီသင်တန်းဆင်းပွဲကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စီမံကိန်း တွဲဖက်ဝန်ထမ်းတွေ မြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ နည်းပညာ

အကြံပေးအဖွဲ့တွေ သင်တန်းသား သင်တန်းသူတွေ စုစုပေါင်း ၆၁ ဦးတက်ရောက်ကြပြီး၊ သင်တန်းကာလမှာ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ

ဖွင့်လှစ် သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - မင်းမြင့်မိုရ်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank