လူထုဗဟိုပြု စီမံကိန်း အမျိုးသမီး ကွန်ယက် ဆွေးနွေးပွဲ တွန်းဇံမြို့နယ်တွင် ကျင်းပ

ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းခရိုင် တွန်းဇံ မြို့ ချင်းရွှေပြည်ခန်းမမှာ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက လူထုဗဟိုပြု စီမံကိန်းကနေ ဖွံ့စည်းထားတဲ့ အမျိုးသမီး ကွန်ယက် အဖွဲ့အစည်းဟာ အမျိုးသမီးတွေရဲ့ အခွင့်အလမ်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးပွဲတွေကို ရည်ရွယ်ချက် ၃ ခုနဲ့ ကျင်းပခဲ့ပါတယ်။

ကွန်ယက်အဖွဲ့ဝင်တွေ ရင်းနှီးမှု ပိုမို ရရှိလာပြီးတော့ အချင်းချင်း ပိုမိုချိတ်ဆက်လာနိုင်စေဖို့ ကွန်ရက်အဖွဲ့ဝင်တွေ ချိတ်ဆက်ပြီးတော့ Public Dialogue မှာ ဆွေးနွေးမယ့် အချက်တွေကို ဖော်ထုတ်လာတတ်စေဖို့ ဆွေးနွေးညှိနှိုင်းပြီးတော့ ကောင်းမွန်တဲ့ အဖြေတစ်ခု ရရှိလာနိုင်တယ်ဆိုတဲ့ အလေ့အကျင့်တွေ ရရှိဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တာ ဖြစ်တယ်လို့ မြို့နယ် နည်းပညာ အကြံပေး ကျားမ ရေးရာ တာဝန်ခံ ဦးထန်းပက်လင်းက ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ်နဲ့ မြို့နယ်ဝန်ထမ်းတွေ မြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ ဝန်ထမ်းတွေ ကျေးရွာအုပ်စုတွေက ကော်မတီဝင် အမျိုးသမီးတွေ အပါအဝင် စုစုပေါင်း ၆၀ ဦး တက်ရောက်ခဲ့ပြီး၊ မြို့နယ်ဦးစီးမှူး ဦးနန်ထိုးစောမာန်က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

သတင်း - မင်းမြင့်မိုရ်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank