မောက်မယ်မြို့နယ်အတွင်းရှိ စီမံကိန်းလုပ်ငန်းများကို နေပြည်တော်မှ စောင့်ကြည့် ကြီးကြပ်ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း ဒုတိယစက်ဝန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းတွေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိတဲ့ မြစိမ်းရောင် စီမံကိန်း လုပ်ငန်းတွေကို နေပြည်တော် ရုံးချုပ်က ဒေါ်သီတာခိုင် ဦးစီးအရာရှိ ဦးဆောင်တဲ့ စောင့်ကြည့် ကြီးကြပ်ရေး အဖွဲ့က မတ်လ ၁၇ ရက်နေ့က ကွင်းဆင်း စစ်ဆေး ကြည့်ရှု့ခဲ့တယ်လို့ သိရပါတယ်။

အဲဒီခရီးစဉ်မှာ စဉ့်ဆိုင်အုပ်စု နားသဲကျေးရွာ၊ ဟိုနမ့်အုပ်စု ခူဝင်းကျေးရွာ၊ ပန်းတန်အုပ်စု ဖာဆန်းကျေးရွာ၊ လွိုင်ကောင် ကျေးရွာနဲ့ ပုံးလောင်း ကျေးရွာအတွင်းမှာ ရှိတဲ့ လူထုဗဟိုပြု စီမံကိန်းက ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းတွေကို စီမံကိန်း လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်မှု ရှိမရှိ ကွင်းဆင်း တိုင်းတာ ဆောင်ရွက်ခဲ့ပြီး၊ မြစိမ်းရောင် စီမံကိန်း က ဆောင်ရွက်ထားတဲ့ မွေးမြူရေး လုပ်ငန်းတွေ၊ တစ်နိုင်တစ်ပိုင် ဈေးဆိုင်တွေနဲ့ ကျေးရွာ ကုန်ထုတ်လမ်းတွေကို ကြည့်ရှု့စစ်ဆေးခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ကျေးရွာ ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး၊ စာရွက်စာတမ်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု စစ်ဆေးခဲ့ကာ လုပ်ငန်း လမ်းညွန်မှုတွေကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank