မိုးကောင်းမြို့နယ်ရှိ လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် မိုးကောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ စီမံကိန်း လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို မြို့နယ် ဦးစီးမှူး ဦးမြသိန်းဝင်း၊ ကချင်ပြည်နယ် လူထု ဗဟိုပြု စီမံကိန်းရုံး Office Consultant ဒေါ်မာလာဝင်း၊ မိုးကောင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်း Team Leader တို့ဟာ မတ်လ ၂၂ ရက်နေ့က မရမ်းကျေးရွာမှာ ဆောင်ရွက်နေတဲ့ ဘက်စုံသုံး ခန်းမတည်ဆောက်ခြင်းနဲ့ ရွာတွင်း သဲကျောက်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုတွေကို လည်းကောင်း၊ လမ်းဂွ ကျေးရွာမှာ လမ်းထိန်း နရံပါ သဲကျောက်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုတွေကို လည်းကောင်း၊ မြို့သစ်ကြီး ကျေးရွာ၊ ကံလှ ကျေးရွာ၊ မြတောင် ကျေးရွာနဲ့ သူဌေးကုန်း ကျေးရွာတို့မှာ ဘက်စုံသုံး ခန်းမ တည်ဆောက်နေမှုအား လည်းကောင်း၊ ဆိပ်သာကျေးရွာမှာ ကျောင်းခြံ စည်းရိုး ကာရံခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အားလည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။

မိုးကောင်းမြို့နယ် လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ ကျေးရွာ ၅၉ ရွာမှာ လုပ်ငန်းခွဲ ၇၄ ခု အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၁၀၀ ရာခိုင်းနှုန်းပြီးစီးတဲ့ လုပ်ငန်းခွဲ ၁၃ ခုရှိ ကြောင်းနဲ့ စတုတ္ထနှစ် စက်ဝန်းမှာ ကျေးရွာ အုပ်စု ၃၆ အုပ်စု၊ ကျေးရွာပေါင်း ၇၉ ရွာအတွက် စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် ၁၆၂၃ သန်းနဲ့ ဆောင်ရွက်လျက်ရှိကြောင်း၊ လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဒေါ်အေးအေးလင်းထံမှ သိရပါတယ်။

သတင်း- ဧဧလေး

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank