အခြေခံ လျှပ်စစ် သွယ်တန်းခြင်းဆိုင်ရာ အသိပညာပေး သင်တန်း ပေါက်မြို့နယ်တွင် ပို့ချ

မကွေးတိုင်းဒေသကြီး ပခုက္ကူ ခရိုင် ပေါက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းက စည်းရုံးရေးမှူးတွေကို စတုတ္ထနှစ် စက်ဝန်းမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ မီးလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အထောက်အကူ ပြုစေဖို့ ရည်ရွယ်ပြီး၊ အခြေခံ လျှပ်စစ် သွယ်တန်းခြင်း ဆိုင်ရာ အသိပညာပေးသင်တန်းကို မတ်လ ၂၃ ရက် မနက် ၉ နာရီ အချိန်က ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှာ ကျင်းပတယ်လို့ သိရပါတယ်။

ရှေးဦးစွာ ပေါက်မြို့နယ် လူထုဗဟိုပြု စီမံကိန်း အဖွဲ့ ခေါင်းဆောင် ဦးသိန်းဇော်က လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ ပေါက် မြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာတွေမှာ ဆောင်ရွက်နေတဲ့ စီမံကိန်း လုပ်ငန်းခွဲ ၂၇၃ ခု အနက် မီးလင်းရေး လုပ်ငန်းမှာ ၈၂ ခု ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဘေးကင်း လုံခြုံစွာ ဆောင်ရွက်နိုင်ဖို့ ဖွင့်လှစ် သင်ကြားပေးတာ ဖြစ်ကြောင်း၊ ရှင်းလင်း ပြောကြားပါတယ်။

ဆက်လက်ပြီးတော့ သင်တန်းမှာ သင်ကြားပို့ချပေးမယ့် မြို့နယ် လျှပ်စစ် အင်္ဂျင်နီယာ ဦးနန်းဦးက လျှပ်စစ် သွယ်တန်းခြင်းလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လိုက်နာဆောင်ရွက်ရမယ့် နည်းလမ်းတွေနဲ့ ဘေးကင်းလုံခြုံစွာ စီမံဆောင်ရွက်နိုင်ရေး သင်ကြားပို့ချ ဆွေးနွေးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီသင်တန်းကိုတော့ ပေါက်မြို့နယ် နည်းပညာ အဖွဲ့ ခေါင်းဆောင်တွေ လူထု စည်းရုံးရေးမှူးတွေနဲ့ လက်ထောက်နည်းပညာမှူး ၆၅ ဦး တက်ရောက်ခဲ့ပြီး၊ တစ်ရက်ကြာ သင်ကြားပို့ချတာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း- စိုးမိုးကျော်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank