ပူတာအို မြို့နယ်တွင် Covid-19 အကြောင်း အသိပညာပေး ဟောပြောပွဲနှင့် အသိပေး လမ်းညွှန်ချက်များ ဖြန့်ဝေ

ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့နယ် ဆာရ်ခွမ်းဒမ်းအုပ်စု ပင်စင် ကျေးရွာမှာ Covid-19 အကြောင်း အသိပညာပေး ဟောပြောပွဲကိုတော့ မတ်လ ၂၃ ရက်နေ့က အဆိုပါ ကျေးရွာ ရှာလောမ်အေဂျီ အသင်းတော် ဘုရားကျောင်းဝင်းမှာ ကျင်းပ ခဲ့ပါတယ်။

ဟောပြောပွဲ ကို ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဒေါ်ခင်မေဝင်းနဲ့ မြို့နယ်မှ ဝန်ထမ်းများ၊ မြို့နယ် လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့မှ ဦးမောင်မောင် ကျင်၊ ဦးကိုကိုအောင်နဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ Covid-19 အဆုပ်ရောင် ရောဂါအကြောင်း အသိပညာပေး ဟောပြောခဲ့ပါတယ်။

အဲဒီနောက် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ရဲ့ အသိပေး လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်ကြရန် ၎င်းတို့က ပြောကြားပြီး၊ လူထုဗဟိုပြု စီမံကိန်းရဲ့ ကျေးရွာ ကြော်ငြာ သင်ပုန်းမှာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ အသိပေး လမ်းညွှန်ချက်များကို ကပ်ကာ ကျေးရွာလူထုများ ကြည့်ရှု့လေ့လာရန် နိုးဆော် တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

သတင်း - မင်းမြင့်မိုရ်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank