ဆောမြို့နယ် သီးကုန်း ကျေးရွာ အိမ်တိုင်ရာရောက် ရေပေးခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ဂန့်ကော ခရိုင် ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အီတလီ ချေးငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ကျေးရွာ ဖြစ်တဲ့ သီးကုန်း ကျေးရွာကို စီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်း စစ်ဆေးခြင်း အစီအစဉ်ကို ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း ရုံးက Area ခေါင်းဆောင် ဦးရှု့နောင်နဲ့ လူထု စည်းရုံးရေးမှူး ဒေါ်ရွှေစင်ဝင်းက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြပါတယ်။

ကွင်းဆင်း စစ်ဆေးခြင်း အစီအစဉ်မှာ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ၂၄,၆၅၀,၀၀၀ ကျပ် နဲ့ ဆောင်ရွက်လျက် ရှိတဲ့ အိမ်တိုင်ရာရောက် ရေပေးခြင်း လုပ်ငန်းတွေကို ကြည့်ရှု့ စစ်ဆေးခဲ့ပြီး လိုအပ်ချက်တွေ ကို ပံ့ပို့း ကူညီ ညှိနှိုင်းပေးခဲ့ပါတယ်။

အဲဒီလုပ်ငန်းခွဲကို မေလ ၃၁ ရက်နေ့မှာ ပြီးစီး နိုင်ဖို့အတွက် ကျေးရွာအတွင်းမှာ ရှိတဲ့ ကော်မတီဝင်တွေနဲ့ ကျွမ်းကျင်လုပ်သားတွေက ဆောင်ရွက် ပေးလျက် ရှိပြီး၊ လုပ်ငန်း ပြီးဆုံးချိန်မှာ သီးကုန်းကျေးရွာက အိမ်ခြေ ၃၉၅ အိမ်က အိမ်တိုင်ရာရောက် ရေရရှိတော့ မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ၇၂ အိမ်သာ အိမ်တိုင်ရာရောက် ရေရရှိနေပြီ ဖြစ်ပါတယ်။ အဲဒီ ကွင်းဆင်း စစ်ဆေးခြင်း အစီအစဉ်မှာ တွေ့ဆုံ ခဲ့တဲ့ ကော်မတီ ဝင်တွေကို ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ Covid-19 သိထားရမယ့် အကြောင်းအရာတွေကို လည်း မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း- ရှုမောင်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank