ပေါက်မြို့နယ်အတွင်း ကျေးရွာ မီးလင်းရေး ဆောင်ရွက်

မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် နတ်ဥယျဉ် ကျေးရွာအုပ်စု နှောပေါက် ကျေးရွာမှာ ကျေးရွာ အင်ဂျင်မီးလင်းရေး လုပ်ငန်းကို မြစိမ်းရောင် အတိုးရငွေ ၅၀ ရာခိုင်နှုန်းနဲ့ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ငွေတို့နဲ့ ဆောင်ရွက်ရာမှာ အခုအခါမှာ လုပ်ငန်းတွေဟာ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်နဲ့ တာဝန်ခံ ဝန်ထမ်းတွေက ကွင်းဆင်း ကြည့်ရှု့စစ်ဆေးကာ ကျေးရွာလူထုက မီးလင်းရေး လုပ်ငန်းကို စနစ်တစ်ကျ ကိုင်တွယ် အသုံးပြုနိုင်ရေး အရည်အသွေး ပြည့်မှီရေး တို့ကို ဝိုင်းဝန်းထိန်းသိမ်းသွားကြဖို့ ပြောကြားခဲ့ပါတယ်။

 

အဲဒီ မြစီမ်းရောင် စီမံကိန်း အရင်းမပျောက် မတည်ရန်ပုံငွေ သိန်း ၃၀၀ ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍရေးနှစ်မှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အခုအခါမှာတော့ စတုတ္ထအကြီမ်မှာ အသင်းဝင် ၈၉ ဦးကို သိန်း ၃၆၀ ကျပ်ကို ထုတ်ချေးထားပြီး၊ အတိုးရငွေ ၁၄၉ သိန်း ရရှိပြီး ဖြစ်ကြောင်း ကျေးရွာ ကော်မတီဝင် တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

 

သတင်း- ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank