ဆောမြို့နယ် စီမံကိန်း လုပ်ငန်းခွဲများကို ကြည့်ရှု့ စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန မကွေးတိုင်းဒေသကြီး ဂန့်ဂေါ ခရိုင် ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်နဲ့ အီတလီ ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း စတုတ္တနှစ် စက်ဝန်းကျေးရွာများ ဖြစ်တဲ့ လယ်ဆောကျေးရွာ၊ တီးကျေးရွာနဲ့ လေးကျေးရွာများကို စီမံကိန်း လုပ်ငန်းခွဲ ဆောင်ရွက်နေမှုများကို ကွင်းဆင်း စစ်ဆေးခြင်း အစီအစဉ်ကို မကွေးတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ National Consultant ဦးမောင်ဘို၊ National Infrastructure and Safeguard Assistant ဒေါ်မြင့်မြင့်ဟန်၊ ဆောမြို့နယ် လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်နီနီလွင်နဲ့ နည်းပညာ အကြံပေး အဖွဲ့ဝင်များမှ မေလ ၂၀ ရက်နေ့က ကွင်းဆင်း စစ်ဆေး ကြည့်ရှု့ခဲ့ပါတယ်။

ကွင်းဆင်း စစ်ဆေးခြင်း အစီအစဉ်မှာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ၂၈၄ သိန်းနဲ့ ဆောက်လုပ်လျက် ရှိတဲ့ အရှည် ၁ ဒဿမ ၀၈ မိုင်ရှိတဲ့ လယ်ဆောကျေးရွာ မီးကြိုး မီးတိုင် သွယ်တန်းခြင်းကို ကြည့်ရှု့ စစ်ဆေးခြင်း၊ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ သိန်း ၂၉၀ ကျော်နဲ့ ဆောင်ရွက်လျက် ရှိတဲ့ တီးကျေးရွာ ဘက်စုံသုံး ခန်းမ ဆောက်လုပ်ခြင်း လုပ်ငန်းကို ကြည့်ရှု့ စစ်ဆေးခြင်းနဲ့ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ သိန်း ၂၄၀ နဲ့ ဆောက်လုပ်လျက်ရှိတဲ့ လေးကျေးရွာ မြေကာ နံရံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေခြင်းကို ကြည့်ရှု့စစ်ဆေးပြီး၊ လုပ်ငန်းများ အပြီးသတ်ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်တဲ့ နည်းပညာ ဆိုင်ရာများ ပံ့ပိုးပေးခြင်းနဲ့ လုပ်ငန်းခွဲများ ဆောင်ရွက်ရာမှာ တွေ့ကြုံလျက်ရှိတဲ့ အခက်အခဲများကို ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီ များနှင့် တစ်ကွ ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါတယ်။

 

သတင်း - ရှုမောင် (CSAGS)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank