ဝေဖန် အကြံပြု တိုင်ကြား ဖြေရှင်းရေး နည်းလမ်းသစ်ကို မိုးကောင်းမြို့နယ်တွင် စတင်ဆောင်ရွက်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်နေတဲ့ လူထု ဗဟိုပြု စီမံကိန်း ကျေးရွာတွေမှာ Covid-19 ကာလအတွင်း အကြံပြုတိုင်ကြား ဖြေရှင်းရေးနဲ့ ပတ်သတ်ပြီး၊ စာတိုက်ပုံးကနေ စာထည့်တဲ့ နည်းလမ်းကို အသုံးမပြုတော့ပဲ ဆက်သွယ် အသုံးပြုနိုင်မယ့် ဖုန်းနံပတ် Social Media တွေကို စာတိုက်ပုံးမှာ ကပ်ထားပြီးတော့ ဆက်သွယ် အကြံပြု တိုင်ကြားတဲ့ စနစ်ကို ကျင့်သုံးဖို့ Union မှ Covid-19 ကာလ အကောင်အထည်ဖော်ရေး လမ်းညွှန်ချက် ထုတ်ပြန်ထားတာကြောင့် မိုးကောင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်း ရုံးမှ နည်းပညာ အကြံပေး အဖွဲ့ (CSAG) တာဝန်ခံ ဒေါ်ဌေးဌေးမြင့်ဟာ မေလ ၂၅ ရက်နေ့က စတင်ပြီးတော့ ကျေးရွာ အသီးသီးမှာ စည်းရုံးရေးမှူးတွေနဲ့အတူ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါတယ်။

 

အဲလိုမျိုးဆောင်ရွက်တာကို မြို့နယ် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြသိန်းဝင်းနဲ့ Team Leader တို့ဟာ မေလ ၂၇ ရက်နေ့က နန့်လှိုင် ကျေးရွာ ကြော်ငြာ သင်ပုန်းနဲ့ စာတိုက်ပုံးမှာ မြို့နယ်အဆင့် ဝေဖန် အကြံပြု တိုင်ကြား ဖြေရှင်း ကော်မတီ အဖွဲ့ကို ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်ပါ စတစ်ကာတွေ ကပ်တာကို ဆောင်ရွက်နေတဲ့ ကျေးရွာ ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး၊ Covid-19 ရောဂါနဲ့ ပတ်သတ်တဲ့ ဆောင်ရန် ရှောင်ရန် တွေကို အလေးထား လိုက်နာ ဆောင်ရွက်ဖို့နဲ့ စီမံကိန်းနဲ့ ပတ်သတ်ပြီးတော့ အရေးပေါ် ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်တွေကို ဆက်သွယ်နိုင်ကြောင်း ရှင်းလင်း ပြောကြားပါတယ်။

 

သတင်း - ဧဧလေး

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank