မောက်မယ် မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (ဒုတိယနှစ် စက်ဝန်း) Information Campaign ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ် မြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ မောက်မယ် မြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ Information Campaign ကိုတော့ ဇွန်လ ၁၆ ရက်နေ့ နံနက် ၆ နာရီမှာ မြို့နယ် ယာယီ ပျံကျဈေး အဝင်မှာ ပူးပေါင်း ဆောင်ရွက်ခဲ့တယ် လို့ သိရပါတယ်။

Information Campaign ဆောင်ရွက်ချက်နဲ့ ပတ်သတ်ပြီးတော့ မောက်မယ် မြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ နည်းပညာ အကြံပေး ဦးမိုင်းဉာဏ်လင်းကတော့ အခုလိုပဲ ပြောကြားပါတယ်။

“မင်္ဂလာပါ၊ ကျနော် နာမည်ကတော့ မိုင်းဉာဏ်လင်း လို့ ခေါ်ပါတယ်၊ ရွာ လူထု ဗဟိုပြု စီမံကိန်းမှာ နည်းပညာ အကြံပေး တာဝန်ယူထားပါတယ်၊ အခု ကျနော်တို့ လုပ်ရတဲ့ ပွဲကတော့ Information Campaign ပေါ့ Information Campaign မှာ Union ကနေ ညွှန်ကြားချက်နဲ့ Covid-19 ရောဂါ လမ်းညွှန်ချက်နဲ့အညီ Mask တွေ ဝေပေးတယ်၊ လက်ကမ်းစာစောင်တွေ

Covid နဲ့ ပတ်သတ်တဲ့ လက်ကမ်း စာစောင်တွေ ပေးတယ်၊ စီမံကိန်းနဲ့ ပတ်သတ်တဲ့ စီမံကိန်းရဲ့ လက်ကမ်းစာစောင်တွေ ပေးတယ်။ ပြီးတော့ ကျနော်တို့ CDD Logo ကပ်ထားတဲ့ Mask အခုပေါင်း ၁၀၀၀ ကို ကျနော်တို့ ဈေးမှာ လာကြတဲ့ ပြည်သူလူထု တစ်ဦးချင်းစီကို ဝေပေးပါတယ်။”

အဆိုပါ Information Campaign ဆောင်ရွက်ရာမှာတော့ Covid-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေး မြို့နယ် အဆင့် လုပ်ငန်း ကော်မတီ ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်သူရနဲ့ အဖွဲ့ဝင်များ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဖွေးဟွမ်ဦး လူထု ဗဟိုပြု စီမံကိန်းမှ ဝန်ထမ်းများနှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယာယီ ပျံကျဈေး၊ မြို့မ ဈေးအတွင်းမှာ ရှိတဲ့ ဈေးဆိုင်ခန်းများနှင့် မြို့အဝင်အထွက်တွေမှာ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ၊ လူထု ဗဟိုပြု စီမံကိန်း နဲ့ ပတ်သတ်တဲ့ စာစောင်များနဲ့ လျှော်ဖွတ်ပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နှာခေါင်းစည်း Mask ၁၀၀၀ ကိုတော့ ဒေသခံ ပြည်သူလူထု လက်ဝယ်ရောက် အခမဲ့ ဖြန့်ဝေ ခဲ့တယ်လို့ သိရပါတယ်။

သတင်း- မောက်မယ် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန

Credit- the Ministry of Information

MOI Web Portal

https://www.youtube.com/watch?v=cIPu3tZt5dw