ဘီးလင်း မြို့နယ် လက်ပံကျေးရွာ ကျောက်စီ ရေမြောင်း တည်ဆောက်ပြီးစီး

မကွေးတိုင်း ဒေသကြီး ဂန့်ကောခရိုင် ဘီးလင်း မြို့နယ်မှာ ရှိတဲ့ မြို့နယ် စာရင်းစစ် ဦးစီးဌာနက မြို့နယ် ဦးစီးမှူး ဒေါ်သန်းမြင့်နဲ့ အဖွဲ့ဟာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က လူထု ဗဟိုပြု စီမံကိန်းကနေ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ လက်ပံ ကျေးရွာ အုပ်စု လက်ပံကျေးရွာ မှာ ရှိတဲ့ ရွာတွင်း ကျောက်စီ ရေမြောင်း တည်ဆောက်ပြီးစီးမှုကို ဇွန်လ ၂၀ ရက်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

အဲဒီလို စစ်ဆေးရာမှာ ကျောက်စီ ရေမြောင်း တည်ဆောက်ထားမှုရဲ့ ငွေကြေးပိုင်းဆိုင်ရာ အသုံးပြုမှုနဲ့ စာရင်းဇယားတွေ မှန်ကန်မှု ရှိမရှိ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနက အတည်ပြုထားတဲ့ အဆောက်အဦးဆိုင်ရာ အခြေခံ စံချိန်စံညွှန်းတွေ အတိုင်း ကိုက်ညီမှု ရှိမရှိတို့ကို တိုင်းတာ စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဲဒီ ကျေးရွာမှာ ရှိတဲ့ ကျောက်စီ ရေမြောင်းကို လူထု ဗဟိုပြု စီမံကိန်း ပံ့ပိုးငွေ ၂၃၁၂၇,၁၀၀ ကျပ်၊ လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေရဲ့ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုနဲ့ ၂၀၁၉ ခုနှစ် မတ်လ ၅ ရက်နေ့က စတင် တည်ဆောက်ခဲ့ရာ ၂၀၁၉ ခုနှစ် မေလ ၂၇ ရက်နေ့မှာ ပြီးစီးပြီး၊ အိမ်ထောင်စု ၅၂ အိမ်က လူဦးရေ ၂၇၅ ဦး အကျိုးခံစားခွင့် ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank