ပေါက်မြို့နယ် ကျောက်ထစ်ကျေးရွာ ရေလှောင်ကန် တည်ဆောက် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်

မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ကျောက်မဆင် ကျေးရွာ အုပ်စု ကျောက်ထစ် ကျေးရွာ ရေလှောင်ကန် တည်ဆောက်ခြင်းနဲ့ အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတွေကို ဇွန်လ ၂၁ ရက်နေ့က ပေါက်မြို့နယ် လူထုဗဟိုပြု စီမံကိန်း လက်ထောက်နည်းပညာ မှူး ဦးဌေးလင်းမောင်၊ လူထု စည်းရုံးရေးမှူး ဦးစိန်ထွန်းအောင်တို့က လုပ်ငန်း ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး လုပ်ငန်း‌ ဆောင်ရွက်နေမှု အခြေအနေတွေကို ကွင်းဆင်း စစ်ဆေး ကြည့်ရှု့ ပြီး၊ လိုအပ်တဲ့ နည်းပညာတွေကို လုပ်ဆောင်နိုင်ဖို့ အတွက် လမ်းညွှန်ခဲ့ပါတယ်။

ကျေးရွာ ရေလှောင်ကန်က ၃ လက်မ ပိုက်နဲ့ ၂ လက်မပိုက် အရှည်ပေ ၄၃၃၅ ပေနဲ့ အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၇၅ သိန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေရဲ့ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း သိရပါတယ်။

ကျေးရွာ လူထုက မိမိရဲ့ လုပ်အားခတွေကို စီမံကိန်း လုပ်ငန်းကို လှူဒါန်းပြီး၊ ရေမီတာ တပ်ဆင်ခြင်းနဲ့ ပိုက်လိုင်းတွေ တိုးချဲ့ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

အခုလိုမျိုး ရေလှောင်ကန် တည်ဆောက်ခြင်းနဲ့ ရေပိုက်လိုက် သွယ်တန်းခြင်း ဆောင်ရွက်ပြီးစီးရင် ကျောက်ထစ် ကျေးရွာ မှာ ရှိတဲ့ အိမ်ခြေ ၈၀ က လူဦးရေ ၄၉၀ အတွက် နွေရာသီ ကာလ သောက်သုံးရေ ဖူလုံမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank