ထီးလင်းမြို့နယ် ခပေါင်းတောကျေးရွာ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်

မကွေးတိုင်း ဒေသကြီး ဂန့်ကော ခရိုင် ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှာ ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ကို အကောင်အထည်ဖော်လျက် ရှိရာ ခပေါင်းတော ကျေးရွာအုပ်စု၊ ခပေါင်းတော ကျေးရွာမှာ ကျေးရွာ လူထု ကိုယ်တိုင် ရွေးချယ် ဖော်ထုတ်ထားတဲ့ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်းကို ဇွန်လ ၂၆ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

 

အဲဒီ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်နေမှုကို ထီးလင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်းက ကျေးရွာ တာဝန်ကျ လက်ထောက် နည်းပညာမှူး ဒေါ်ဝင်းဝင်းရွှေနဲ့ လူထု စည်းရုံးရေးမှူး ဦးတင့်လွင်တို့ဟာ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေ အဆောက်အအုံနဲ့ ခန်းဖွဲ့တို့ရဲ့ အလျား၊ အနံ၊ အမြင့်တို့ မှန်ကုန်မှု ရှိမရှိ၊ လုပ်ငန်းသုံး ပစ္စည်းတွေ ထားရှိမှုနဲ့ အရည်အသွေး ပြည့်မှီမှု ရှိမရှိတို့ကို ကြည့်ရှု့ စစ်ဆေးကာ လိုအပ်တာတွေကို ပံ့ပိုး လမ်းညွှန်မှာကြားခဲ့ပါတယ်။

 

အဲဒီ ခန်းမဆောင်မှာ အလျား ၅၄ ပေ၊ အနံ ၃၃ ပေ၊ အမြင့် ၁၂ ပေ ရှိတဲ့ သွပ်မိုး ပျဉ်ကာ တစ်ထပ်ဆောင် ဖြစ်ပြီး၊ လူထု ဗဟိုပြု စီမံကိန်း ပံ့ပိုးငွေ ၁၂၁ သိန်းနဲ့ စီမံကိန်း နည်းပညာ ပံ့ပိုးမှုနဲ့ ကျေးရွာ လူထုတို့ ပူးပေါင်း အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပြီး၊ အဲဒီလုပ်ငန်းကို ဇွန်လ ၉ ရက်နေ့က စတင်ပြီး၊ ဇူလိုင်လကုန်မှာ အပြီး တည်ဆောက်သွားမှာ ဖြစ်ကာ အခုအခါ ၃၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank