ကျောက်ကြီး မြို့နယ် စီမံကိန်းလုပ်ငန်းခွဲ ဆောင်ရွက်ပြီးစီးမှု လူထု စစ်တမ်းကောက်ယူ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ကို ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် ကျောက်ကြီး မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာမှာ ယခု အခါမှာတော့ ကျောက်စရစ် ကျေးရွာ အုပ်စု သဲသောင် ကျေးရွာမှာ စတုတ္ထနှစ် စက်ဝန်း လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ် သိန်း ၁၄,၀၈၀,၁၀၀ နဲ့ ကျေးရွာ လူထုရဲ့ ပစ္စည်း ထည့်ဝင် ပူးပေါင်းမှုနဲ့ ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်တဲ့ ကျေးရွာတွင်း ဂဝန်လမ်း ခင်းခြင်း လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက် ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဆောင်ရွက်ပြီးစီးသွားတဲ့ စီမံကိန်း လုပ်ငန်းခွဲတွေရဲ့ စီမံကိန်း ဆိုင်ရာ အချက်အလက်တွေ လုပ်ငန်း ဆောင်ရွက်မှု ငွေကြေး သုံးစွဲမှုတွေကို လူထု စစ်ဆေးပွဲတွေ ကျေးရွာလူထု အများနဲ့ နှစ်စဉ် ကျင်းပ နေကျ ဖြစ်ပေမယ့် လည်း အခု အခါမှာတော့ Covid-19 ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ လူစု လူဝေး ပြုလုပ်ဖို့ မဖြစ်နိုင်တာကြောင့် ကျေးရွာ ကြော်ငြာ သင်ပုန်းမှာ ကပ်ပြီး ကြော်ငြာတာ လော်စပီကာနဲ့ ကြေညာပေးတာတွေ ပြုလုပ်ပြီး စီမံကိန်း လုပ်ငန်း စဉ်နဲ့ ရလာဒ်အပေါ် ကျေးရွာလူထုရဲ့ စိတ်ကျေနပ်မှုကို သိရှိစေနိုင်ဖို့ အိမ်တိုင်ရာရောက် စာရွက်တွေ ဖြန့်ဝေပြီး၊ စိတ်ကျေနပ်မှု အဆင့်တွေကို ကောက်ယူခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း - ဝင်းညီညီလတ်

Credit- Ministry of Information

#NCDDP #DRD #MOALI #WorldBank