ဆောမြို့နယ် စာရင်းစစ်ရုံးမှ တာဝန်ရှိသူများ စီမံကိန်း လုပ်ငန်းခွဲများအား ကွင်းဆင်း စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်း ဒေသကြီး ဂန့်ကော ခရိုင် ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း ဖြစ်တဲ့ ခင်ပြင် ကျေးရွာ ဘက်စုံသုံး ခန်းမဆောင်၊ တောင်ပို့ကြီး ကျေးရွာ မီးကြိုး မီးတိုင် အဆင့်မြင့်တင်ခြင်း၊ သီးကုန်း ကျေးရွာ မီးကြိုး မီးတိုင်း အဆင့်မြင့် တင်ခြင်း၊ ကြံခင်း ကျေးရွာ မြေကာ နံရံ တည်ဆောက်ခြင်းနဲ့ မင်းလယ်ကျေးရွာ ဘက်စုံသုံး ခန်းမဆောင်တို့သို့ ဆောမြို့နယ် စာရင်းစစ်ရုံးမှ မြို့နယ် စာရင်းစစ် ဦးစီး ဦးခင်မောင်ဌေးနှင့် အဖွဲ့မှ စီမံကိန်း လုပ်ငန်းခွဲများ ဆောင်ရွက်ထားရှိမှုကို ကွင်းဆင်း စစ်ဆေး ကြည့်ရှု့ခဲ့ပါတယ်။

အဆိုပါ စာရင်းစစ် ကွင်းဆင်း စစ်ဆေးခြင်း အစီအစဉ်မှာ ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မြဆန်းလင်း၊ ဆော မြို့နယ် လူထု ဗဟိုပြု စီမံကိန်း စီမံကိန်း တာဝန်ခံ၊ နည်းပညာ အကြံပေး အဖွဲ့ဝင်များ၊ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီ ဝင်များနှင့် တွေ့ဆုံခဲ့ပြီး၊ ဆောင်ရွက်ထားရှိတဲ့ လုပ်ငန်းများကို စစ်ဆေးခဲ့ပါတယ်။

သတင်း - ရှုမောင်

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank