ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး

ကွမ်းခြံကုန်း ဇူလိုင် ၁၀

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း(စတုထ္တနှစ်စက်ဝန်း)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကန်လျားရှည်ကျေးရွာ အတွင်း ကွန်ကရစ်လမ်းခင်း ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီး၍ ယမန်နေ့ မနက်ပိုင်းက ပိတ်သိမ်းခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပိတ်သိမ်းခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်း‌ဒေသကြီး လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာခိုင် တက်ရောက်၍ အသုံးပြုငွေစာရင်းများ စစ်ဆေးခြင်း၊ လိုအပ်သည်များကို ကျေးရွာကော်မတီဝင်များနှင့် ဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ကွန်ကရစ် လမ်းမှာ အရှည်(၁၃၅၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိပြီး လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေ (၂၂၃၂၅၀၃၁)သိန်းဖြင့် ယခုနှစ် မေလ(၁၂)ရက်နေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ဇွန်လ(၂၈) ရက်နေ့တွင် ပြီးစီးခဲ့ပြီး‌ အကျိုးပြုလူဦးရေအားဖြင့် အိမ်ထောင်စု(၅၃၄)စု၊ လူဦးရေ(၂၀၀၃)ဦး တို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများအတွက် သွားလာရေး လွယ်ကူအဆင်ပြေ ချောမွေ့လာပြီး အနီးအနားကျေးရွာများနှင့် အလွယ်တကူ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ထွန်းထွန်းစိုး(ပြန်/ဆက်)

 

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/10/07/2020/id-23452