ဆောမြို့နယ် လူထု ဗဟိုပြု စီမံကိန်း ကြိမ်ကြီးကျေးရွာအုပ်စု လူထု စစ်ဆေးပွဲ ကျင်းပ

ကမ္ဘာ့ဘဏ်နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး မကွေးတိုင်း ဒေသကြီး ဆောမြို့နယ် လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) နဲ့ ကြိမ်ကြီး ကျေးရွာ အုပ်စု ကျော်ချောင်းကျေးရွာမှာ ရေပေးဝေရေး လုပ်ငန်း ဆောင်ရွက်ခဲ့ရာမှာ ရာနှုန်းပြည့် ပြီးစီးခဲ့ပြီ ဖြစ်လို့ လူထု စစ်ဆေးပွဲကို တော့ ဇူလိုင်လ ၁၅ ရက်နေ့က လမ်းညွှန်ချက်များနဲ့ အညီ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

သက်ဆိုင်ရာ ကော်မတီများမှ ဘဏ္ဍာရေး ဝယ်ယူရေး ဆိုင်ရာ အသုံးစာရင်းများကို ကျေးရွာအတွင်း လှည့်လည်၍ မြန်မာ ဘာသာ စကား၊ ဒေသခံ (အုတ်ဘူးကျဲ) ဘာသာစကား ဘာသာ စကား နှစ်မျိုးဖြင့် ဘာသာ စကားနှစ်မျိုးဖြင့် အသံချဲ့စက်သုံးကာ လှည့်လည် ကြေညာခြင်း၊ ကျေးရွာ ကြော်ငြာသင်ပုန်းမှာ ရှင်းတမ်းများ ကပ်ခြင်း တို့ ပြုလုပ်ခဲ့ကြပြီး၊ ကျေးရွာ တာဝန်ခံ လက်ထောက် နည်းပညာ မှူး ဒေါ်ခင်စန္ဒီဌေး၊ လူထု စည်းရုံးရေးမှူး ဒေါ်ခင်ထွေးရီနဲ့ နယ်မြေ (၄) ဧရိယာ အတွင်းရှိ ဝန်ထမ်းများမှ ဦးဆောင်ကာ လုပ်ငန်းစဉ်နဲ့ ရလာဒ် အပေါ် စိတ်ကျေနပ်မှု အပေါ် မဲရလာဒ် များကို စုစည်းကာ ပြန်လည် ကြေညာခြင်းများကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank