လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား စိစစ်ရွေးချယ်

လှိုင်းဘွဲ၊ ဇူလိုင်-၁၇

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို ဇူလိုင်လ(၁၆) ရက်နေ့က ထီလုံကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ထီလုံကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများ၏ လိုအပ်ချက်များကို အခြေခံ၍ ကျေးရွာအုပ်စုဖွံ့ဖြိုးရေး အစီအစဉ်အား ဖော်ထုတ် ဆွေးနွေးကြပြီး ရရှိလာသော စီမံကိန်းထောက်ပံ့ငွေမှ ကျေးရွာအုပ်စုအဆင့် စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များ အားလုံးက ကျေးရွာများအတွက် လုပ်ငန်းခွဲများအား စိစစ် ရွေးချယ်ခဲ့ ကြသည်။

ထို့သို့ရွေးချယ်ခဲ့ရာ ထီလိုကျေးရွာ မူလတန်းလွန်ကျောင်း ဆောက်လုပ်ခြင်း၊ ကုလားကုန်း ကျေးရွာနှင့် စစ်မှုထမ်းဟောင်းကျေးရွာ မီးကြိုးမီးတိုင်သွယ်တန်းခြင်း၊ တညင်းကုန်းကျေးရွာ ကျေးရွာခန်းမဆောင် ဆောက်လုပ်ခြင်းတို့ကို ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစိစစ်ရွေးချယ်ပွဲသို့ ကျေးရွာစီမံကိန်း အထောက်အကူပြုကော်မတီဝင်များ၊ ကျေးရွာ ခေါင်းဆောင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး လူထုဗဟိုပြုစီမ့ကိန်း စည်းရုံးရေးမှူးများ၊ မြို့နယ်ကျေးလက်ဒေ သဖွံ့ဖြိုး တိုးတက်ရေး ဝန်ထမ်းများနှင့်နည်းပညာ အကြံပေးအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

Ref; ခင်စန်းမြင့်(ပြန်/ဆက်)

https://web.facebook.com/mrtvwebmediaportal/posts/3262983657080771

https://www.moi.gov.mm/iprd/?q=news%2F%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%2F17%2F07%2F2020%2Fid-24287