ပေါက်မြို့နယ် သရက်လေးပင် ကျေးရွာတွင် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများအတွက် လူထု စစ်တမ်း ကောက်ယူ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နဲ့ ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ကို ပေါက်မြို့နယ် သပွတ်စု အုပ်စု ၊ သရက်လေးပင် ကျေးရွာ၊ ကျေးရွာတွင်း မြေနီလမ်းခင်းခြင်း နဲ့ မြေထိန်း နံရံ ပြုလုပ်ခြင်းလုပ်ငန်းတွေ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးမှု နဲ့ ပတ်သတ်ပြီး လူထု စစ်တမ်းကောက်ယူမှုကို အဲဒီကျေးရွာ စုရပ်ဆောင်မှာ ဇူလိုင်လ ၁၇ ရက်နေ့ မနက် ၈ နာရီမှာ ကျင်းပပါတယ်။

ဒီ အစီအစဉ် ပြုလုပ်ရာမှာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်စန်းနဲ့ တာဝန်ရှိသူတွေက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်း ပြောကြားပါတယ်။

လူထု စစ်တမ်း ကောက်ယူရာမှာ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ တာဝန်ကျ စီမံကိန်း ဝန်ထမ်းတွေနဲ့အတူ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေက အိမ်တိုင်ရာရောက် ကောက်ယူခဲ့ပြီး၊ လူထု စစ်ဆေးပွဲ ရလာဒ်တွေကို ကျေးရွာ လူထု သိရှိနိုင်ဖို့ ကြော်ငြာ သင်ပုန်းမှာ ပွင့်လင်း မြင်သာစွာ ကြေညာပေးခဲ့ပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank