ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ရှိ ကျေးရွာများတွင် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းခွဲများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

တံတား ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) လုပ်ငန်းခွဲများ ဆောင်ရွက် နေသည့် တံတားမြို့အတွင်းရှိ ပုတ္တလုတ်ကျေးရွာနှင့် စင်မကော် ကျေးရွာများတွင် ဆောင်ရွက်မှု အခြေအနေ များအား ယနေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း) လုပ်ငန်း များဖြစ်သည့် ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ပေးခြင်း၊ ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းပေးခြင်း၊ မူကြို ကျောင်းများ တည်ဆောက် ပေးခြင်း၊ ကစားကွင်းများ တည်ဆောက်ပေးခြင်း၊ မြေသားရေကန် တူးဖော်ပေးခြင်း စသည့် ပြည်သူအကျိုးပြုလုပ်ငန်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ တံတားမြို့ ပုတ္တလုတ်ကျေးရွာ တွင် ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း၊ ရေကန် ခြံစည်းရိုးခတ်ခြင်း၊ စာသင်ကျောင်းကစားကွင်း တည် ဆောက်ခြင်း စသည့်လုပ်ငန်းခွဲများအတွက် ဝယ်ယူရေးအစီအစဉ်များနှင့်ပတ်သတ်၍ အပြီးသတ်ဆွေးနွေးခြင်း၊ ဆောင်ရွက်မည့်လုပ်သားကန်ထရိုက်တာများနှင့် လုပ်ငန်းဆိုင်ရာများဆွေးနွေးခြင်း၊ စင်မကော် ကျေးရွာတွင် ရေကန်ခြံစည်းရိုးခတ်ခြင်း စသည့်လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု ပြီး လူထုဗဟိုပြုစီမံကိန်းအထောက်အကူပြု ကော်မတီဝင် များနှင့် တွေ့ဆုံကာ လိုအပ်သည်များအား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ယင်းကဲ့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက် နည်းပညာ မှူး ဒေါ်လင်းဆန်နီထွန်း၊ ဒေါ်သူဇာဝင်းနှင့် လူထုစည်းရုံးရေးမှူး ဦးပြုံးမောင်မောင်နိုင်၊ ဒေါ်ခင်မာလာမင်းတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

တင်နိုင်ဝင်း(တံတား)

Credit – Ministry of Information

#NCDDP, #DRD, # MOALI, # WorldBank