မိုင်းခတ်မြို့နယ် ပန်ထိုလု ကျေးရွာ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ပြီးစီး လူထု စစ်ဆေးပွဲပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်း (ဒုတိယနှစ် စက်ဝန်း) ကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ ခရိုင် မိုင်းခတ်မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ အခုအခါမှာ ကျေးရွာတွေမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲ ၉၄ ခုမှာ ၉၂ ခုဟာ ၁၀၀ ရာခိုင်နှုန်း အောင်မြင်စွာ ဆောင်ရွက်ပြီးစီးပြီ ဖြစ်တယ်လို့ သိရပါတယ်။

လူထု စစ်ဆေးပွဲတွေ လုပ်ဆောင်ကြရမှာ “ကျေးရွာ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်း” အတွက် လူထု စစ်ဆေးပွဲကို ဖာလန်ကော်အုပ်စု အာခါ လူမျိုးများနေထိုင်တဲ့ “ပန်ထိုလု” ကျေးရွာမှာ စက်တင်ဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့ရာ လူဦးရေ ကန့်သတ်ပြီးတော့ Mask တွေ တပ်စေကာ အကွာအဝေး သတ်မှတ်ပြီးတော့ ရှင်းပြတာ ကျေးရွာ ကြော်ငြာသင်ပုန်းမှာ ကပ်တာ လုပ်ငန်းစဉ်နဲ့ ရလာဒ်အပေါ် ကျေးရွာ လူထုရဲ့ စိတ်ကျေနပ်မှု ကို သိရှိနိုင်ဖို့ စာရွက်တွေ ဝေပြီးကောက်ယူတဲ့ နည်းလမ်းတွေနဲ့ လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေးအဖွဲ့က ကျား-မ ရေးရာ တာဝန်ခံ ဒေါ်ခင်မာဌေး၊ ကျေးရွာ တာဝန်ခံ လက်ထောက်နည်းပညာမှူး ဒေါ်နှင်းယုယုခိုင်၊ ဦးစွမ်းထက်ပိုင်၊ လူထု စည်းရုံးရေးမှူး ဦးအောင်ရဲနိုင်၊ ဦးယောရှာဘ၊ ဒေါ်ထက်သီရိဦးတို့က ဦးဆောင်ပြီး ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank