ဆီဆိုင်မြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများကို ကြည့်ရှု့ စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန နဲ့ ကမ္ဘာဘဏ်တို့ ပူးပေါင်း ဆောင်ရွက်နေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ်၊ လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာမှာ ဆီဆိုင် မြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသီဟန်၊ ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးအောင်နိုင်ဝင်း ၊ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးခွန်ဇော်မျိုးထွန်း နဲ့ တာဝန်ရှိသူတွေဟာ စက်တင်ဘာလ ၉ ရက်နေ့မှာ စီမံကိန်းလုပ်ငန်းတွေ ဆောင်ရွက် ပြီးစီးမှု အခြေအနေကို ကြည့်ရူ့ခဲ့ပါတယ်။

တဘက်ကျေးရွာအုပ်စု ဘန်ကန်းကျေးရွာ၊ နောင်ခုံးကျေးရွာ၊ ကုန်းဆွတ်ကျေးရွာအုပ်စု တောင်သာကျေးရွာ၊ မွေတော်နမ့်စစ်ကျေးရွာ၊ ပင်စုံကျေးရွာအုပ်စု နန်ဩကျေးရွာ နှင့် ဖြီဟန်းခါးကျေးရွာ တွေမှာ ဆောင်ရွက်ထားတဲ့ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်း၊ ကွန်ကရစ် လမ်းခင်းခြင်း ၊ ရေလှောင်ကန် တည်ဆောက်ခြင်း နဲ့ မူကြိုကျောင်း တည်ဆောက်ခြင်း လုပ်ငန်းတွေကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

ရေမီတာစနစ်နဲ့ ဆောင်ရွက်နိုင်ဖို့ ကြိုးစားကြဖို့ စီမံကိန်းလုပ်ငန်းတွေ ရေရှည်တည့်တံ့ဖို့ ပြုပြင် ထိန်းသိမ်း မှုတွေ ပုံမှန် ဆောင်ရွက်သွားဖို့ ၊ သဘာဝအရင်းအမြစ်တွေ ရေရှည်တည့်တံ့ဖို့ အတွက် ဝိုင်းဝန်း ထိန်းသိမ်းကြဖို့နဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ကျေးရွာသူ/ သားတွေက အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြဖို့ ကျေးရွာ ကော်မတီဝင်တွေကိုလည်း မှာကြားခဲ့ပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage