မိုင်းခတ်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း လုပ်ငန်းများကို ကျပ်သိန်း ၇၅၀ ဖြင့် ဆောင်ရွက်သွားမည်

စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) ကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်မှာ စတင် ဆောင်ရွက်နေပြီ ဖြစ်ရာ ကျေးရွာအုပ်စု အစည်းအဝေးကို ဝမ်ခုတ်အုပ်စု၊ ပင်းကွေ့ (ရှမ်း) ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ စက်တင်ဘာလ ၁၁ ရက် နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

လူထုဗဟို​ပြု စီမံကိန်း နည်းပညာ အ​ကြံ​ပေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးမျိုးသန့်၊ ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် စီမံကိန်းတာဝန်ခံ ဦးသက်နောင်ထွေး၊ အင်ဂျင်နီယာ ဦးကျော်မင်းလှိုင်၊ ကျား/မရေးရာ တာဝန်ခံ ဒေါ်ခင်မာ​​ဌေး၊ ကျေးရွာတာဝန်ခံ လက်ထောက်နည်းပညာမှူး၊ လူထုစည်းရုံးရေးမှုး တွေက ဦးဆောင်ပြီးတော့ COVID-19 လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်ခဲ့ပြီး၊ လက်ထောက် နည်းပညာမှုး "ဒေါ်နန်းဆီဖောင်း"မှ ရှမ်းဘာသာနဲ့ ဘာသာပြန် ပြုလုပ်ပေးခဲ့ပါတယ်။

ရေလှောင်ကန် တည်ဆောက်ခြင်း၊ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း၊ စိမ့်စမ်းရေ သွယ်တန်းခြင်း၊ ဆိုလာ မီးတိုင် စိုက်ထူခြင်းနဲ့ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်းတွေကို စီမံကိန်း ပံပိုးငွေ ကျပ်သိန်း ၇၅၀ နဲ့ ခွဲဝေ သုံးစွဲသွားကြဖို့ သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank