လှိုင်းဘွဲမြို့နယ် စစ်မှုထမ်း​ဟောင်းကျေးရွာ လျှပ်စစ်မီးလင်း​ရေး လုပ်ငန်း​အတွက် နည်းပညာ အစည်းအဝေးပြုလုပ်

NCDDP Organizs a Workshop for Village Electrification System in Hlaingbwe

Kayin, 11 October 2020, SkyNet Media Coverage

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ အကောင်အထည်ဖေါ် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်စက်ဝန်း) မှာ လှိုင်းဘွဲမြို့နယ် စစ်မှုထမ်းဟောင်းကျေးရွာမှ အကောင်အထည်ဖော် ဆောင်ရွက်မယ့် ၄၀၀ ဗို့ အားလိုင်း လျှပ်စစ်မီးလင်း​ရေး အတွက် နည်းပညာပေး ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့မှာ စစ်မှုထမ်းဟောင်း ကျေးရွာမှာ ဆောင်ရွက်ခဲ့ပါတယ်။

အဆိုပါ လျှပ်စစ်မီးလင်းရေး လုပ်ငန်းအတွက် လုပ်ငန်းရဲ့ ဒီဇိုင်းကို နားလည်ပြီး စနစ်တကျ ဆောင်ရွက်တတ်​စေရန်၊ စီမံကိန်းလုပ်ငန်းကို ကြီးကြပ်တတ်​စေရန်၊ ဝယ်ယူ​ရေးအစီအစဉ် လည်ပတ်ထိန်းသိမ်း​ရေး အစီအစဉ် ရသုံးမှန်း​ခြေဇယားများ​ ရေးဆွဲအသုံးပြုတတ်​စေရန်နှင့် လူမှု့ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင် အကာအကွယ်များ ကို လိုက်နာ​ ဆောင်ရွက်တတ်​ စေရန် နည်းပညာပေးဆွေးနွေးခဲ့ပြီး၊ လူထု ဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး၊ လူထု စည်းရုံးရေးမှူးများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် အင်ဂျင်နီယာ အကြံပေး ဒေါ်ခိုင်ခင်ဦးနှင့် မြို့နယ် နည်းပညာ အကြံပေးအဖွဲ့၊ စစ်မှုထမ်းဟောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များ တက်ရောက်ခဲ့ပါတယ်။

အဆိုပါ လုပ်ငန်းကို စီမံကိန်း ထောက်ပံငွေ ၁၃၂ သိန်းကျပ်ဖြင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ပထမအပတ်တွင် စတင် အကောင်အထည် ဖော်မှာဖြစ်ပါတယ်။

သတင်း - ခင်စန်းမြင့် (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank