သဲကုန်းမြို့နယ်တွင် လူထုဗဟိုပြု စီမံကိန်း (ဒုတိယနှစ်) စက်ဝန်း လုပ်ငန်းများ ပြီးစီးမှုနှင့် (တတိယနှစ်) စက်ဝန်း လုပ်ဆောင်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု

NCDDP’s Activities in Thegon Monitored by Respective Officials

Bago, 15 October 2020, Development News TV

သဲကုန်း မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများ လုပ်ဆောင်မှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှု့ခြင်းကို ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦး၊ မြို့နယ် ဦးစီးမှူး ဦးအောင်မြတ်ထွန်းနှင့် သဲကုန်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ တာဝန်ရှိသူများ ပါဝင်၍ ကြတ်နား ကျေးရွာ အုပ်စု ကြတ်နား ကျေးရွာ မြေနီလမ်း၊ အုတ်ရေမြောင်း (၈၂၆ ပေ _ ၁၂ ပေ _ ၈ လက်မ) စုစုပေါင်း ကုန်ကျငွေ ၁၁,၈၀၇,၆၃၅ ကျပ်ဖြင့် ဆောင်ရွက်ခဲ့ရာ လုပ်ငန်း ပြီးစီးမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေး ကြည့်ရှု့ ခဲ့ပါတယ်။

အဆိုပါ လုပ်ငန်းနှင့် ပတ်သတ်ပြီး၊ ခရိုင် ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးမှ တာဝန်ကျ (CF/ TF) ဝန်ထမ်းများနှင့် ကျေးရွာ ကော်မတီဝင် ခေါင်းဆောင်များအား စီမံကိန်း လုပ်ငန်းခွဲ ရွေးချယ်မှု အခြေအနေများ၊ ရန်ပုံငွေ စီမံခန့်ခွဲမှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ အခက်အခဲများနှင့် လူထု ပူးပေါင်း ပါဝင် ဆောင်ရွက် နေမှု များအား ဆွေးနွေးပြီး၊ ကော်မတီ ခေါင်းဆောင်များ၏ လုပ်ငန်း ကြိုးပမ်းမှုများအား တိုက်တွန်း အားပေး စကားများ ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ လူထု ဗဟိုပြု စီမံကိန်း DRD၊ TTA ဝန်ထမ်းများနှင့် တွေ့ဆုံပြီး မြို့နယ် နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးအောင်ကျော်ဦးမှ စီမံကိန်း ဒုတိယနှစ် စက်ဝန်း လုပ်ငန်းခွဲများ ဆောင်ရွက်ပြီးစီးမှူ အခြေအနေများနှင့် တတိယနှစ် စက်ဝန်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး လိုအပ်ချက်များအပေါ် ခရိုင် ဦးစီးမှူးမှ လမ်းညွှန်မှာကြား ခဲ့ပြီး၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက် ရန် မှာ ကြားခဲ့ပါတယ်။

သတင်း - လင်းလင်းထက်

#NCDDP, #DRD, #MOALI, #WorldBank

Credit – Development News TV

https://web.facebook.com/108312817273501/videos/1119876321760322