လူထုဗဟို ပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းမှ ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းခွဲ ၄၉ ခုအား ပညာရေးဌာနနှင့် ကျန်းမာရေးဌာနများသို့ လွှဲပြောင်းပေးအပ်

NCDDP’s Completed Buildings for Education and Health Care in Ngapudaw Handed Over to Respective Departments

Ayeyarwaddy, 22 October 2020, Ministry of Information

ငပုတော အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟို ပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းမှ ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းခွဲ ၄၉ ခုအား ပညာရေးဌာနနှင့် ကျန်းမာ ရေးဌာနများသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါ ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်သူမင်းက စတုတ္ထနှစ် စက်ဝန်းမှ ဆောင်ရွက်ခဲ့သည့် ပညာရေးဌာန၊ ကျန်းမာရေးဌာနများနှင့် သက်ဆိုင်သော စီမံကိန်း လုပ်ငန်းခွဲများနှင့် ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကာ လုပ်ငန်းခွဲများအား တာဝန်ရှိသူများထံသို့ လွှဲ‌ပြောင်းပေးအပ်ခဲ့သည်။

လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)မှ ဆောင်ရွက်ပြီးသည့် လုပ်ငန်းခွဲများမှ ပညာရေးဌာနနှင့် သက်ဆိုင်သည့် လုပ်ငန်းခွဲပေါင်း ၄၇ ခုနှင့် ကျန်းမာရေးဌာနနှင့် သက်ဆိုင်သည့် လုပ်ငန်းခွဲ ၂ ခု စုစုပေါင်း ၄၉ ခု အား လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး တန်ဖိုးငွေမှာ (၇၈၅.၈၄)ကျပ်သန်း ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/17792