လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းကို ကနီနဲ့ အင်္ဂပူမြို့နယ်တို့တွင် ဆက်လက်အကောင်အထည်ဖော်

NCDDP Implementting its Third Year Project Cycle Activities in Kani and Ingapu

Sagaing and Ayeyarwaddy, 26 October 2020, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စီမံကိန်း စက်ဝန်း အရ ကျေးရွာ လိုအပ်ချက်တွေ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

အဲလို ဆောင်ရွက်ရာမှာ အိုင်တောင် ကျေးရွာ အုပ်စု၊ မင်းအို ကျေးရွာ အထက်တန်းကျောင်း ဆောင်သစ်ကို ရုံးချုပ်၊ တိုင်းဒေသကြီး ရုံးတို့ရဲ့ လမ်းညွှန်ချက် ချက်တွေနဲ့အညီ မြို့နယ် အဖွဲ့ရဲ့ စနစ်တစ်ကျ လမ်းညွှန်မှုတွေနဲ့ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ကျောင်းဆောင်သစ် ဆောက်လုပ်တဲ့ လုပ်ငန်း အတိုင်းအတာမှာ အလျား ပေ ၉၀၊ အနံ ပေ ၃၀ နဲ့ အမြင့် ၁၂ ပေ ရှိ RC အမျိုးအစား ဖြစ်ပြီး၊ စီမံကိန်း ခွင့်ပြု ရန်ပုံငွေ ကျပ် ၂၈ ဒဿမ ၆၅၃ သန်းနဲ့ ကျေးရွာ ထည့်ဝင်ငွေ ကျပ် ၆ ဒသမ ၇၈ သန်းတို့ အကုန်အကျ ခံကာ ဆောင်ရွက်ခဲ့ကာ အခုအခါမှာ လုပ်ငန်းအားလုံးရဲ့ ၃၂ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ကျောင်းဆောင်သစ် ပြီးစီးပါက ကျောင်းသား၊ ကျောင်းသူတွေ စာသင် ကျောင်းဆောင် မလုံလောက်ခြင်းမှ ပြေလည်သွားမယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် လူထု ဗဟိုပြု စီမံကိန်းရဲ့ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို အခုလ ၂၁ ရက်နေ့က စတင်ပြီး၊ ၂၃ ရက်အထိ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှာ ကျင်းပပါတယ်။

အစည်းအဝေးမှာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးသန်းဇော်စိုးက တတိယနှစ် စက်ဝန်း စတင်ဖို့ စီမံကိန်း ဆိုင်ရာ လိုအပ်ချက်တွေ ရှင်းပြပြီး၊ ကိုဗစ်-၁၉ ကာလအတွင်း MOHS လမ်းညွှန်ချက် တွေနဲ့ အညီ ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း ပြောကြားပါတယ်။

အဲဒီနောက် ဘဏ္ဍာရေး၊ ဝယ်ယူရေး၊ စောင့် ကြည့် ကြီးကြပ်ရေး၊ သတင်း ပြန်ကြား ဆက်သွယ်ရေး၊ ကျား-မ ရေးရာ အကြံပေးတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ပိုမို ကောင်းမွန်စေဖို့ ဆွေးနွေးကြပါတယ်။

အစည်းအဝေးသို့ အင်္ဂပူမြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး ၄၆ ဦး၊ လူထု စည်းရုံးရေးမှူး ၈၀ ဦးတို့ တက်ရောက်ခဲ့ကြသည်။

 

သတင်း - မင်းမြင့်မိုရ်

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage