မဘိမ်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း ဘဟဲကျေးရွာ ဘက်စုံသုံးခန်းမဆောင် လူထု စစ်ဆေးပွဲ ပြုလုပ်

Social Audit Conducted for NCDDP’s Village Hall Construction in Ba He Village of Mabein

Shan, 1 November 2020, SkyNet Media Coverage

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း၊ (တတိယနှစ် စက်ဝန်း) မှာ ဘဟဲကျေးရွာအုပ်စု၊ ဘဟဲကျေးရွာ ဘက်စုံသုံးခန်းမဆောင် တည်ဆောက် ပြီးစီးသွားပြီ ဖြစ်လို့ အောက်တိုဘာလ ၂၈ ရက်နေ့က လူထုစစ်ဆေးပွဲကို ကိုဗစ်-၁၉ ကာလ လမ်းညွှန်ချက်နဲ့အညီ စာရင်း ဇယားတွေကို ကျေးရွာ ကြော်ငြာ သင်ပုန်းမှာ ကပ်ပြီးတော့ အသံချဲ့စက်နဲ့ အသိပေး ကြော်ငြာပြီး အိမ်တိုင်းစေ့ သွားရောက်ပြီးတော့ ကျေးရွာလူထုရဲ့ စိတ်ကျေနပ်မှု မဲဆန္ဒ ကောက်ယူနေတာတွေကို တာဝန်ကျ စည်းရုံးရေးမှူးတွေ ကျေးရွာ ကော်မတီဝင်တွေနဲ့ ကျေးရွာ အဖွဲ့တွေက ဆောင်ရွက်ခဲ့ပါတယ်။

စီမံကိန်း လုပ်ငန်းအပေါ် အလွန်ကျေနပ်မဲ ၂၇၀၊ ကျေနပ်မဲ ၁၁၆ မဲ ဖြစ်ပြီးတော့ မကျေနပ်မဲ မရှိဘူးလို့ တာဝန်ကျ စည်းရုံးရေးမှူး ဒေါ်ခိုင်နွေဦးက ပြောပါတယ်။

သတင်း - ကိုကိုအောင် (မဘိမ်း)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage