ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း လေးနှစ်စက်ဝန်းတွင် လုပ်ငန်းခွဲပေါင်း ၄၄၂ ခု ဆောင်ရွက်ခဲ့

NCDDP’s 442 Sub-project Activities in Mogaung Completed in Four Year Project Cycles

Kachin, 2 November 2020, Development News TV

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်သည့် လူထု ဗဟိုပြု စီမံကိန်းကို ၂၀၁၆ ခု နှစ် ဒီဇင်ဘာလတွင် နည်းပညာ အကြံပေး အဖွဲ့နှင့်အတူ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် စည်းရုံးရေးမှူး ၃၃ ဦးအား ခန့်အပ်၍ ကျေးရွာ အုပ်စု ၃၆ အုပ်စု၊ ကျေးရွာ ၇၉ ရွာ၏ လိုအပ်ချက်များအား ဆောင်ရွက်ပေးလျက် ရှိရာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ကုန်တွင် စီမံကိန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

မိုးကောင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်း စက်ဝန်း လေးနှစ်တွင် ကျေးရွာ ၇၉ ရွာ၏ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသဖြင့် သွားလာရာတွင် အချိန်တိုအတွင်း မြို့ပေါ် သို့ ရောက်ရှိနိုင်ခြင်း၊ အခြေခံ ပညာရေး အဆောက်အအုံများ ကောင်းမွန်လာသဖြင့် ကျေးလက်နေ ကျောင်းသား ကျောင်းသူများ လုံခြုံ စိတ်ချစွာဖြင့် ပညာ သင်ကြားနိုင်ခြင်း၊ သောက်သုံးရေများကို ရေသန့်စက်များဖြင့် အစားထိုး ဆောင်ရွက်နိုင်ခဲ့ခြင်း၊ စာသင်ကျောင်းနှင့် ကျေးရွာ အားကစားကွင်းများ ပြုပြင် ဆောင်ရွက်နိုင်ခဲ့သဖြင့် လူငယ် လူရွယ်များ ကျန်းမာရေးအတွက် လေ့ကျင့်ကစားနိုင်ခြင်း၊ ကျေးရွာများတွင် လူစု လူဝေးဖြင့် အခမ်းအနား ပြုလုပ်ရာတွင် လည်းကောင်း၊ ကာကွယ် ဆေးထိုး ဆေးတိုက်ပြုလုပ်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် လည်းကောင်း၊ ကျေးရွာ ဘက်စုံသုံး ခန်းမ တည်ဆောက်ခြင်း စသည့် စီမံကိန်း လုပ်ငန်းခွဲပေါင်း ၄၄၂ ခုကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်းနှင့် စီမံကိန်း လေးနှစ်တာ ကာလအတွင်း အနီးကပ် ကြီးကြပ်သည့် (TPIC) ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ် တာဝန်ခံနှင့် ပြည်နယ် အင်ဂျင်နီယာများ၊ လူထု ဗဟိုပြု စီမံကိန်း ရုံးမှ TTA နှင့် စည်းရုံးရေးမှူးများ၊ ကျေးလက်ရုံး ဝန်ထမ်းများ၊ ကျေးရွာ အသီးသီးမှ ကော်မတီ ဝင်များ၏ စွမ်းဆောင်ရည်များကြောင့် စီမံကိန်း ၄ နှစ်တာအတွင်း အောင်မြင်စွာဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်းမှ ပြောကြားခဲ့ပါတယ်။

သတင်း - ဧဧလေး

#NCDDP, #DRD, #MOALI, #WorldBank

Credit- Development News TV

https://web.facebook.com/108312817273501/videos/3073303782896667