လူထု ဗဟိုပြု စီမံကိန်း ဖားဆောင်း မြို့နယ်ရှိ စီမံကိန်း လုပ်ငန်းခွဲများ ညှိနှိုင်း

Meeting Organizded for NCDDP’s Sub-project Activities in Hpa-saung

Kayah, 30 November 2020, SkyNet Media Coverage

 

ကယားပြည်နယ် ဘော်လခဲ ခရိုင် ဖားဆောင်း မြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လူထု ဗဟိုပြု စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေတွေကို ဖားဆောင်းမြို့နယ် ဦးစီးဌာနမှူး ရုံးမှာ ပြည်နယ် လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးထွန်းချစ်နဲ့ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီး၊ စီမံကိန်း ဆောင်ရွက်နေမှု အခြေအနေတွေကို တွေ့ဆုံ ဆွေးနွေးတယ်လို့ သိရပါတယ်။

ပြည်နယ် လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးထွန်းချစ်က စီမံကိန်း လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ ရှိရင် ဝန်ထမ်း တစ်ဦးချင်းစီ သင်ပြကြဖို့ မှာကြားပြီး၊ အခက်အခဲတွေကို ပေါင်းစပ် ညှိနှိုင်းပေးတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ဖားဆောင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံက စီမံကိန်း စက်ဝန်းအလိုက် ဆောင်ရွက်နေတဲ့ စီမံကိန်း လုပ်ငန်းတွေ၊ လုပ်ငန်းခွဲတွေကို တင်ပြဆွေးနွေးပြီး၊ ပြည်နယ် စီမံကိန်း တာဝန်ခံ ဦးထွန်းချစ်က ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။

 

သတင်း - မောင်ခိုင် (ကျေးသီး)၊ ချစ်ဦးကိုကို

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage

https://cdd.drdmyanmar.org/mm/news-56360