ဓနုဖြူ မြို့နယ်မှာ လူထု ဗဟိုပြု စီမံကိန်း စွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်းပို့ချ

NCDDP’s Refresher Training Conducted for Technical Facilitators in Danubyu

Ayeyarwaddy, 30 November 2020, SkyNet Media Coverage

 

ဧရာဝတီတိုင်း ဒေသကြီး မအူပင် ခရိုင် ဓနုဖြူ မြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်တဲ့ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း လက်ထောက်နည်းပညာမှူးတွေကို စွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်း Virtual Training ဖွင့်ပွဲကို နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် ၁၀ နာရီ အချိန်က Video Conferencing စနစ်နဲ့ ကျင်းပခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီး၊ လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး နည်းပညာ ဦးသန်းဇော်လွင်က အဖွင့် အမှာ စကား ပြောကြားပါတယ်။

အဲဒီနောက်မှာ တိုင်းဒေသကြီး လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး ဦးမျိုးမင်းထွန်းက သင်တန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်နဲ့ သင်တန်းက ပို့ချမယ့် သင်ခန်းစာတွေကို ဂရုတစိုက် သင်ကြားကြဖို့ လိုအပ်ကြောင်း ပြောကြားပြီး၊ တိုင်းဒေသကြီး အခြေခံ အဆောက်အအုံပိုင်း ဆိုင်ရာ နည်းပညာ အကြံပေး Regional Infrastructure Consultant, သင်တန်းနည်းပြတွေက သင်တန်းမှာပို့ချမယ့် ကဏ္ဍတစ်ခုချင်းစီ အလိုက် ရှင်းလင်း ပို့ချ ခဲ့ရာ တက်ရောက်လာကြတဲ့ လက်ထောက်နည်းပညာ မှူးတွေက သိရှိလိုတာတွေကို မေးမြန်းဆွေးနွေးကြတယ်လို့ သိရပါတယ်။

 

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage