Coordination Meeting Organized for NCDDP’s Sub-project Activities in Mawkmai
Shan, 2 December 2020, SkyNet Media Coverage
စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း (တတိယ)နှစ် စက်ဝန်း လုပ်ငန်းတွေ စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ (TPIC) ကော်မတီဝင်တွေ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
ရှေးဦးစွာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်သူရက အဖွင့်အမှာ စကား ပြောကြားခဲ့ပါတယ်။ အဲနောက်မှာ တက်ရောက်လာတဲ့ TPIC ကော်မတီဝင်တွေက မိမိရဲ့ ဌာနအလိုက် လုပ်ငန်းတွေ ထပ်နေမှုမရှိစေဖို့ အတွက် စိစစ် ရွေးချယ် ဆုံးဖြတ်ခဲ့ပါတယ်။
လူထုဗဟိုပြု စီမံကိန်း (တတိယ)နှစ် စက်ဝန်းမှာ လမ်းလုပ်ငန်း (၂၅)ခု၊ ကျေးရွာ ခန်းမဆောင်(၁၇)ခု၊ ရေရရှိရေး (၄)ခု၊ တံတား လုပ်ငန်း (၄)ခု၊ မီးလင်းရေး (၅)ခု၊ စာသင်ကျောင်း လုပ်ငန်း (၅)ခုနဲ့ အုတ်ရေမြောင်း (၂)ခု စုစုပေါင်း လုပ်ငန်းခွဲပေါင်း (၆၂)ခုကို ထောက်ပံ့ရံပုံငွေ ကျပ်သိန်း(၅၃၄၀)ကျပ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
သတင်း - ဉာဏ်လင်း
#NCDDP, #DRD, #MOALI, #WorldBank
Credit – SkyNet Media Coverage