လှိုင်းဘွဲမြို့နယ် လှိုင်ကော့ဖျာ ကျေးရွာတွင် ကျေးလက်နေ ပြည်သူများ သွားလာမှု အဆင်ပြေစေရန် အတွက် ရွာတွင်း ကွန်ကရစ်လမ်းခြင်း ဆောက်ရွက်

NCDDP’s Village Street Construction in Hlaing Kawt Hpyar Village of Hlaingbwe Kicked Off

Kayin, 8 December 2020, Ministry of Information

လှိုင်းဘွဲ ဒီဇင်ဘာ ၈

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကဒီကံအုပ်စု လှိုင်​ကော့ဖျာ ကျေးရွာတွင် ကျေးလက်နေပြည်သူများ သွားလာမှု အဆင်ပြေစေရန်အတွက် ရွာတွင်းကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွန်ကရစ်လမ်းကို ​လှိုင်းဘွဲမြို့နယ် ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)မှ ​ထောက်ပံ့​ငွေ (၁၆၄၀၀၀၀၀)ကျပ်ဖြင့် လမ်း(အရှည် ၉၆၀ပေ ၊ အကျယ် ၁၂​ပေ ၊ ထု ၆လက်) လုပ်ငန်းကို လက်​ထောက်နည်းပညာမှူး မနှင်းအိအိလွှာ၊ လူထုစည်းရုံး​ရေးမှူး နန်း​နုနု​ထွေးတို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံ​ပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ ပြည်သူလူထုပူး​ပေါင်းပါဝင်မှုတို့ဖြင့်​ဆောင်ရွက်ခဲ့ကြောင်း လုပ်ငန်း ၁၀၀% ပြီးစီးပါက လှိုင်​ကော့ဖျာကျေးရွာမှ အိမ်​ထောင်စု (၆၅)စု လူဦးရေ(၄၂၅)ဦးတို့၏ ပညာ​ရေး၊ ကျန်းမာ​​ရေး၊ လူမှု​ရေးနှင့် စီးပွား​ရေးလုပ်ငန်းများအတွက် လမ်းပမ်းဆက်သွယ်​ရေးအဆင်​ပြေ​ချော​မွေ့ လာမည်ဖြစ်​ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/23722