မိုးကောင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲတွေကို ကွင်းဆင်း စစ်ဆေး

NCDDP’s Sub-project Activities in Mogaung Monitored by Respective Officials

Kachin, 8 December 2020, SkyNet Media Coverage

 

မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း အလုံးစုံ ကန်ထရိုက်နဲ့ ဆောင်ရွက်ခဲ့တဲ့ ရေရှင် ကျေးရွာ အုပ်စု အောက်ရေရှင် ကျေးရွာရဲ့ ကျေးရွာ စာကြည့်တိုက် အဆောက်အအုံ လုပ်ငန်းနဲ့ အလယ် ရေရှင် ကျေးရွာ အမက မူလွန်စာသင်ကျောင်း ခြံစည်းရုံး ကာရန်ခြင်း လုပ်ငန်းတွေဟာ လုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့တာ ၆ လ ပြည့်ပြီ ဖြစ်တဲ့အတွက် ကန်ထရိုက်ကို လုပ်ငန်း ဆောင်ရွက်စဉ်က ပေးသွင်းခဲ့တဲ့ လုပ်ငန်း အာမခံကြေး ပြန်လည် ထုတ်ပေးနိုင်ဖို့ အတွက် မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်းနဲ့ မြို့နယ် Infrastructure ဦးသီဟဇော်တို့က ဒီဇင်ဘာလ ၆ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြပါတယ်။

မိုးကောင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ ကျေးရွာ ၇၉ ရွာမှာ စီမံကိန်း လုပ်ငန်းခွဲ ၁၁၁ ခု အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ အလုံးစုံ ကန်ထရိုက်နဲ့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းခွဲ ၉ ခု ရှိကြောင်း အလုံးစုံ ကန်ထရိုက်နဲ့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းခွဲတွေကို လုပ်ငန်း အာမခံကြေး ၅ ရာခိုင်နှုန်း ပေးသွင်းရကြောင်းနဲ့ လုပ်ငန်း ပြီးစီးတဲ့ နေ့ရက်ကနေ ၆ လ ပြည့်တဲ့ နေ့ရက်မှာ ကန်ထရိုက် တာတွေကို အလုံးစုံ အာမခံကြေး ထုတ်ပေးနိုင်ဖို့ အတွက် အဆောက်အအုံ တစ်စုံ တစ်ရာ ပျက်စီးမှု ရှိမရှိ ကွင်းဆင်း စစ်ဆေးခြင်း ဖြစ်ကြောင်း၊ မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်း ဆီကနေ သိရှိရပါတယ်။

 

သတင်း - ဧဧလေး

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage