မဘိမ်း မြို့နယ် ငါးအိုးကျေးရွာ ဘက်စုံသုံး ခန်းမဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း ပြီးစီး၊ လူထု စစ်ဆေးပွဲ ပြုလုပ်

Social Audit Conducted for NCDDP’s Village Hall Construction in Ngar Oe Village of Mabein

Shan, 13 December 2020, SkyNet Media Coverage

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ငါးအိုးကျေးရွာ အုပ်စု၊ ငါးအိုးကျေးရွာ ဘက်စုံသုံး ခန်းမဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပြီးစီး သွားပြီဖြစ်တဲ့အတွက် လူထုစစ်ဆေးပွဲ ကို ကိုဗစ် ကာလ လမ်းညွှန်ချက်တွေနဲ့ အညီ စာရင်းဇယားတွေကို ကျေးရွာ ကြော်ငြာသင်ပုန်းမှာ ကပ်တာ၊ အသံချဲ့စက်နှင့် အသိပေး ကြော်ငြာတာ၊ အိမ်တိုင်းစေ့ သွားရောက်ပြီး ကျေးရွာ လူထုရဲ့ စိတ်ကျေနပ်မှု မဲဆန္ဒကို ကောက်ယူတာတွေကို ကျေးရွာတာဝန်ခံတွေနှင့် ကျေးရွာ ကော်မတီဝင်တွေက ဆောင်ရွက်ခဲ့ကြပါတယ်။

လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ စီမံကိန်း လုပ်ငန်းခွဲပေါင်း (၃၅) ခု ထဲက (၂၇)ခု ဆောင်ရွက်ပြီးစီး သွားပြီဖြစ်တယ်လို့ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းတင်ထွန်းဦးက ပြောကြားခဲ့ပါတယ်။

ငါးအိုးကျေးရွာမှာ အိမ်ထောင်စုပေါင်း ၁၂၆၄ စုရှိပြီး၊ ကျေးရွာ လူထု ဆန္ဒမဲ ကောက်ယူရာမှာ စီမံကိန်း လုပ်ငန်းအပေါ် အလွန်ကျေနပ် ၁၀၇၀ မဲနဲ့ ကျေနပ်မဲ ၁၉၄ မဲ ရှိပြီး၊ စီမံကိန်း လုပ်ငန်းအပေါ် မကျေနပ်မဲ မရှိဘူးလို့ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီ ဥက္ကဌ ဒေါ်စန်းစန်းမော်ဆီကနေ သိရှိရပါတယ်။

ဘက်စုံသုံး ခန်းမဆောင်ကို စီမံကိန်း ထောက်ပံ့ငွေ ကျပ် (၃၉၅) သိန်း၊ ကျေးရွာလူထု ထည့်ဝင်ငွေကျပ် (၁ ဒသမ ၅) သိန်း စုစုပေါင်း ကုန်ကျငွေကျပ် ၃၉၆ ဒသမ ၅ သိန်းနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

 

သတင်း - ကိုကိုအောင် (မဘိမ်း)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage