လူထုဗဟိုပြုစီမံကိန်းမှ လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီး ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း စတင်ဆောင်ရွက်

NCDDP’s Village Concrete Street Construction in Naung Boe Gyi Village of Hlaingbwe Kicked Off

Kayin, 13 December 2020, SkyNet Media Coverage

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ နောင်ဘိုကြီး ကျေးရွာ အုပ်စု နောင်ဘိုကြီး ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းကို ဒီဇင်ဘာလ ၁၁ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီ ကွန်ကရစ်လမ်းကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ၄၈၅ သိန်းနဲ့ လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး နန်းခင်းဖြူဖြူသိန်း၊ လူထု စည်းရုံးရေးမှူး နန်းကြည်ကြည်ဌေး တို့မှ အနီးကပ် ကြီးကြပ်မှု၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့ရဲ့ စနစ်တကျ လမ်းညွန်မှု၊ ရပ်ရွာ ပြည်သူလူထု တို့ရဲ့ ပူးပေါင်း ပါဝင်မှုတွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။

 

  • ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage