လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြု စီမံကိန်း ပိန္နဲတောကျေးရွာ ကွန်ကရစ် တံတား စတင် တည်ဆောက်

NCDDP’s Slab Culvert Construction in Pein Hne Taw of Hlaingbwe Kicked Off

Kayin, 18 December 2020, SkyNet Media Coverage

 

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်စက်ဝန်း) မှာ ကျေးလက် ပိန္နဲတော ကျေးရွာအုပ်စု ပိန္နဲတောကျေးရွာ ကွန်ကရစ် တံတား (Slab Culvert) (အလျား ၁၄ပေ ၊ အနံ ၁၄ပေ ၊ အမြင့် ၈ပေ) လုပ်ငန်း ကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ (၅,၅၀၀,၀၀၀) ကျပ်ဖြင့် ယမန်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ကြောင်း သိရပါတယ်။

အဆိုပါ ကွန်ကရစ်လမ်းကို လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး မခိုင်ခိုင်ဝေလွင်၊ လူထုစည်းရုံးရေးမှူး စောရဲမြသွေးတို့မှ အနီးကပ် ကြီးကြပ်မှု၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံပေးအဖွဲ့ တို့ရဲ့ စနစ်တကျ လမ်းညွန်မှု၊ ရပ်ရွာ ပြည်သူလူထု တို့ရဲ့ ပူးပေါင်း ပါဝင်မှုများနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ၁၀၀% ပြီးစီးပါက ပိန္နဲတောကျေးရွာမှ အိမ်ထောင်စု (၅၃၂)စု လူဦးရေ (၉၁၉)ဦး တို့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ အတွက် သွား/လာရေး လွယ်ကူ အဆင်ပြေလာမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage