လူထု ဗဟိုပြု စီမံကိန်း ကျေးရွာ အုပ်စု အဆင့် မိတ်ဆတ်ပွဲ ထုံးအိုင်ကျေးရွာတွင် ကျင်းပ

NCDDP’s Village Tract Level Socialization Meeting Organized in Hpan-an

Kayin, 17 December 2020, SkyNet Media Coverage

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်မယ့် လူထု ဗဟိုပြု စီမံကိန်း (National Community Driven Development Project- NCDDP) ကို ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်ရာ ကျေးရွာ အုပ်စု အဆင့် လူထု ဗဟိုပြု စီမံကိန်း မိတ်ဆတ်ပွဲကို တော့ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက် ၉ နာရီခွဲက ထုံးအိုင်ကျေးရွာ အထက စာသင်ကျောင်း ခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

လူထု ဗဟိုပြု စီမံကိန်း သတ္တမနှစ် စက်ဝန်းမှာ မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း ၁၃ မြို့နယ် တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ပြီး၊ ဘားအံ မြို့နယ်မှာ ထပ်မံ တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ကျေးရွာအုပ်စုများကို မိတ်ဆက်ပေးခြင်း ဖြစ်ပါကြောင်း ဘားအံမြို့နယ် ကျေးလက်အုပ်စု ၉၀၊ ကျေးရွာပေါင်း ၄၇၄ ရွာ ရှိရာ လူထု ဗဟိုပြု စီမံကိန်း မိတ်ဆက်ခြင်းကို တော့ ကျေးရွာ အုပ်စု ၂၆ နေရာမှာ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး၊ ဦးသူရလွင် ထံမှ သိရပါတယ်။

 

သတင်း - ဧဧလေး

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage